[ကြော်ငြာ] ကမ္ဘာ့အကောင်းဆုံးရေခဲမုန့်အဖြစ် ဖေါ်ပြခံရသည့် BUD’s Ice Cream ဆိုင်ခွဲ တာချီလိတ်တွင် ဖွင့်လှစ်

[ကြော်ငြာ] ကမ္ဘာ့အကောင်းဆုံးရေခဲမုန့်အဖြစ် ဖေါ်ပြခံရသည့် BUD’s Ice Cream ဆိုင်ခွဲ တာချီလိတ်တွင် ဖွင့်လှစ်
ဇန်နဝါရီ 22, 2020
By 🌸

[ကြော်ငြာ]ကမ္ဘာ့အကောင်းဆုံးရေခဲမုန့်အဖြစ် ဖေါ်ပြခံရသည့် BUD’s Ice Cream ဆိုင်ခွဲ တာချီလိတ်တွင် ဖွင့်လှစ်

San Francisco Brand ဖြစ်သည့် BUD'S Ice Cream & Ice Cream Cake ၏ဆိုင်ခွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်လိုက်ရာ နိုင်ငံကျော်အဆိုတော် နောနော်နှင့် ရုပ်ရှင်သရုပ်ဆောင် သီရိရှင်းသန့်တို့ တက်ရောက် ဖဲကြိုးဖြတ်ပေးကြသည်။

“ဒီအမှတ်တံဆိပ်က ကမ္ဘာ့အကောင်းဆုံးတွေထဲပါတဲ့ အမှတ်တံဆိပ်တစ်ခုလည်းဖြစ်ပါတယ်။ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ်လည်း ဖြန့်ချိနေရာကနေ ကိုယ့်တာချီလိတ်မှာလည်း ဒီအရသာကို ဖြန့်ဝေပေးချင်တာကြောင့် ဆိုင်ခွဲဖွင့်လိုက်တာပါ”

ဟု BUD'S Ice Cream နှင့် Ice Cream Cake ကို မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် ဖြန့်ချိနေသည့် မမေရီက ပြောသည်။

Bud’s Ice Cream မှာ ၁၉၃၂ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးကုန်ကြမ်းများကိုသာ သုံးစွဲခြင်းကြောင့် နာမည်ကျော်ကြားပြီး တိုင်းမ်မဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံးရေခဲမုန့်များမှ တစ်ခုအဖြစ် အသိအမှတ်ပြု ဖေါ်ပြခံထားရခြင်းဖြစ်သည်။

“BUD'S Ice Cream နဲ့ Ice Cream Cake ကမြန်မာ့လျှာနဲ့လည်း အဆင်ပြေတဲ့ အရသာလို့ ပြောရမလား တော်တော်စားလို့ ကောင်းတယ်။ တာချီလိတ်က လူတွေကိုလည်း လာစားကြည့်ကြပါလို့ ကျွန်တော်ကတော့ ဖိတ်ခေါ်ချင်ပါတယ်”

ဟု ဖွင့်ပွဲတက်ရောက်လာသည့် နိုင်ငံကျော်အဆိုတော် နောနော်က မှတ်ချက်ပြုသည်။

အဆိုပါ BUD'S Ice Cream ဆိုင်ခွဲကို ထိုင်းနိုင်ငံရှိ စက်ရုံခွဲမှ တင်သွင်းဖြန့်ချိရောင်းချနေသည့် မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ်က ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

“ဒီဆိုင်ကို ဖွင့်လှစ်တဲ့ မမေရီနဲ့က ညီအစ်မတွေလိုပဲဆိုတော့ သူ့ဆိုင်ဖွင့်ပွဲကို တက်ရောက်ဖြစ်တာပါ။ နောက်ထပ် ဆိုင်ခွဲတွေ အများကြီးဖွင့်လှစ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်”

ဟု ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည့် ရုပ်ရှင်သရုပ်ဆောင် သီရိရှင်းသန့်က ပြောသည်။

ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Bud’s Ice Cream နှင့် Ice Cream Cake များကို ထိုင်းနိုင်ငံရှိ စက်ရုံခွဲမှနေ၍ မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တစ်နိုင်ငံလုံးသို့ ဖြန့်ချိနေရာမှ တာချီလိတ်မြို့တွင် ဆိုင်ခွဲကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

Bud’s Ice Cream ဆိုင်ကို တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အမှတ် ၁/၁၁၂ တွင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး Bud’s Ice Cream၊ Ice Cream Cake အမျိုးမျိုး၊ ကော်ဖီနှင့် Fast Food များလည်း ပိတ်ရက်မရှိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~