တာခ်ီလိတ္တြင္ မူးယစ္ေဆးေရာင္းခ်သူဟု သတင္းရသည့္ အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား (၆၀၀)ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆးေရာင္းခ်သူဟု သတင္းရသည့္ အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား (၆၀၀)ႏွင့္အတူ ဖမ္းမိ
မေ 8, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးေရာင္းခ်သူဟု သတင္းရသည့္ အသက္ (၄၅)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က ၂၀၁၉ ခုနွစ္ ေမလ (၇) ရက္ေန႔ ည (၈) နာရီ ဝန္းက်င္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရန္ေအာင္ေျမရပ္ကြက္ရွိ၊ တည္ခိုခန္းတစ္ခုအနီး၌ ဆိုင္ကယ္ႏွင့္အတူေတြ႔ရသည့္ စိုင္းနန္ဆိုင္ေက်ာက္အား မူးယစ္တပ္ဖဲြ႔စု (၃၀) တာခ်ီလိတ္ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕က သတင္းရရိွထားသျဖင့္ ရွာေဖြရာ စိတ္ၾကြေဆးျပား (၆၀၀)ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ေတြ႔ရသည့္ စိုင္းနန္ဆိုင္ေက်ာက္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ (ပ) ၆၀/၂၀၁၉ မူး/စိတ္ ပုဒ္မ ၁၉ (က) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးရောင်းချသူဟု သတင်းရသည့် အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ် မေလ (၇) ရက်နေ့ ည (၈) နာရီ ဝန်းကျင်က ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်ရှိ၊ တည်ခိုခန်းတစ်ခုအနီး၌ ဆိုင်ကယ်နှင့်အတူတွေ့ရသည့် စိုင်းနန်ဆိုင်ကျောက်အား မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းရရှိထားသဖြင့် ရှာဖွေရာ စိတ်ကြွဆေးပြား (၆၀၀)ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရသည့် စိုင်းနန်ဆိုင်ကျောက်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ (ပ) ၆၀/၂၀၁၉ မူး/စိတ် ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net