မိုင်းဖြတ်မြို့မှ COVID-19 အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်

မိုင်းဖြတ်မြို့မှ COVID-19 အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်
ဧပြီ 15, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့မှ COVID-19 အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်

အတည်ပြုလူနာ (Case 024)နှင့် ထိတွေ့မှုရှိခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့မှ အသက် (၂၃)နှစ်အရွယ် အမျိုးသား (၁)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရရှိ၍ မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ ကျိုင်းတုံပြည်သူ့ဆေးရုံသို့  ဧပြီလ(၁၅)ရက်နေ့ ည(၆)နာရီဝန်းကျင်တွင် ခေါ်ဆောင်သွားပြီဖြစ်သည်။

အဆိုပါ အမျိုးသားသည်  ရန်ကုန်တွင် ဘာသာရေး တစ်ပွဲသို့ တက်ရောက်ခဲ့သူဖြစ်ပြီး မိုင်းဖြတ်မြို့ရှိ အဆိုပါ အမျိုးသားအပြင် အတူနေ မိသားစုဝင်များ အပါအဝင် ၎င်းအမျိုသားနှင့် ထိတွေ့ခဲ့သူများကို ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အသက် (၂၃)နှစ်အရွယ် အမျိုးသားတွင် COVID-19 ပိုးတွေ့ရသော်လည်း အတူနေမိသားစုဝင် (၃)ဦးနှင့် ကျိုင်းတုံမှ မိုင်းဖြတ်ပြန်လာစဉ် ကားအတူ စီးလာသူ (၃)ဦးမှာ COVID-19 ပိုးမတွေ့ရကြောင်းကို ဧပြီလ (၁၅)ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာနှင့် လေယာဉ်တစ်စီးထဲ လိုက်ပါစီးနင်းလာသူ (၂၅) ဦးကိုလည်း ဧပြီလ (၁၂) ရက်နေ့ကတည်းက အသွားအလာကန့်သတ် စောင့်ကြည့်ထားပြီးဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကိုသာ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~