တာချီလိတ်မှ တရုတ်နိုင်ငံသား (၃၆) ဦး တတိယသုတ်အဖြစ် ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာ

တာချီလိတ်မှ တရုတ်နိုင်ငံသား (၃၆) ဦး တတိယသုတ်အဖြစ် ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာ
ဒီဇင်ဘာ 17, 2020
By Tachileik News Agency
တာချီလိတ်မှ တရုတ်နိုင်ငံသား (၃၆) ဦး နေရပ်ပြန်ရန်အတွက် တတိယသုတ်အဖြစ် ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် လေကြောင်းခရီးဖြင့် အသုတ်လိုက်ထွက်ခွာနေရာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် တရုတ်နိုင်ငံသား (၃၆) ဦး တတိယသုတ်အဖြစ် ရန်ကုန်သို့ ထွက်ခွာသွားသည်။
တာချီလိတ်မှ တရုတ်နိုင်ငံသား (၅၆)ဦးကို ပထမအသုတ်အဖြစ် Air KBZ စင်းလုံးငှားလေယာဉ်ဖြင့် ဒီဇင်ဘာလ (၁၅)ရက်နေ့က ရန်ကုန်သို့ ခေါ်ဆောင်ခဲ့ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များ စတင်သည့် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် တရုတ်နိုင်ငံသား (၃၄)ဦးသည် ပြည်တွင်းခရီးသည် (၁၂)ဦးနှင့်အတူ Air KBZ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်သို့ လိုက်ပါသွားခဲ့ကြခြင်းဖြစ်သည်။
ဒီဇင်ဘာလ (၁၇ )ရက်နေ့တွင် တာချီလိတ်လေဆိပ်မှ တရုတ်နိုင်ငံသား (၃၆) ဦး၊ ဗီယက်နမ်နိုင်ငံသား (၄) ဦးအပါအဝင် ခရီးသည် (၇၂) ဦးသည် Air KBZ နှင့် Golden Myanmar လေကြောင်းခရီးစဉ် (၂)ခုဖြင့် လိုက်ပါသွားကြခြင်းဖြစ်သည်။
နိုင်ငံအတွင်းရှိ ပြည်တွင်းလေကြောင်းလိုင်းများကို စက်တင်ဘာလ (၁၁)ရက်နေ့မှစ၍ ရပ်နားထားရာမှ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ပြန်လည်ပျံသန်းပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ခွင့်ပြုလိုက်ပြီးနောက် တာချီလိတ်လေဆိပ်သို့ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၇) ရက်နေ့အထိ စင်လုံးငှားလေယာဉ်အပါအဝင် ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ် (၄) စီးဆင်းသက်ခဲ့ပြီး တရုတ်နိုင်ငံသား (၁၂၆) ဦး၊ ဗီယက်နမ်နိုင်ငံသား (၄) ဦး၊ မြန်မာနိုင်ငံသား (၄၄) ဦး၊ စုစုပေါင်း (၁၇၄) ဦးကို တာချီလိတ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ထားပြီး တာချီလိတ်သို့ အဝင်ခရီးသည်များကို ဒီဇင်ဘာလ (၁၈)ရက်နေ့ ခရီးစဉ်တွင် စတင်လိုက်ပါကြမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~