တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းမှ (၁၈) ဦး၏ ဓါတ်ခွဲနမူနာများ မေလ (၂၅)ရက်နေ့ ရန်ကုန်ပို့စစ်မည်

တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းမှ (၁၈) ဦး၏ ဓါတ်ခွဲနမူနာများ မေလ (၂၅)ရက်နေ့ ရန်ကုန်ပို့စစ်မည်
မေ 25, 2020
By 🌸
တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းမှ (၁၈) ဦး၏ ဓါတ်ခွဲနမူနာများ မေလ (၂၅)ရက်နေ့ ရန်ကုန်ပို့စစ်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းတို့မှ စုစုပေါင်း (၁၈) ဦး၏ COVID 19 ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ မေလ (၂၅) ရက်နေ့၌ ရန်ကုန်သို့ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“PUI (စောင့်ကြည့်လူနာ) တွေရယ်၊ Case 64 ရယ် Sample (ဓါတ်ခွဲနမူနာ)တွေကို (၂၅)ရက်နေ့ လေယာဉ်နဲ့ပို့ပါမယ် ”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဆေးရုံတွင် သေဆုံးသွားသည့် ပန်ဆန်းမှ လွှဲလာသည့် လူနာ (၁) ဦး၊ လူနာနှင့်အတူလိုက်ပါလာသူ (၂)ဦး စုစုပေါင်း (၃)ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ (၁)ဦး၊ မိုင်းယောင်းရှိ facilily quarantine ရက်ပြည့်သဖြင့် ဓါတ်ခွဲနမူနာစစ်ဆေးမည့် (၂) ဦးနှင့် မိုင်းဆတ်မှ  facilily quarantine ရက်ပြည့်သဖြင့် ဓါတ်ခွဲနမူနာစစ်ဆေးမည့် (၁၁) ဦးတို့၏ ဓါတ်ခွဲနမူနာများကို ပို့ဆောင်သွားမည်ဖြစ်ပြီး ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ Case 64 ၏ ဓါတ်ခွဲနမူနာကိုပါ ပို့ဆောင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မေလ (၂၅)ရက်နေ့အထိ အတည်ပြုလူနာ (၁)ဦးသာ ကျန်တော့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မေလ (၂၅)ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ (၂၀၁)ဦးရှိသည့်အနက် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များမှ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၂) ဦးနှင့် သေဆုံးသူ (၆)ဦး ရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~