တာချီလိတ်မြို့တွင် မေလ(၃)ရက်နေ့ ညက ဖမ်းမိသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ညမထွက်ရချိုးဖောက်မှုဖြင့် အရေးယူ

တာချီလိတ်မြို့တွင် မေလ(၃)ရက်နေ့ ညက ဖမ်းမိသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ညမထွက်ရချိုးဖောက်မှုဖြင့် အရေးယူ

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ညပိုင်းထွက်သူများကို အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးမှုများ အဖြစ် ၂၀၂၁ခုနှစ် မေလ(၄)ရက်နေ့ ညပိုင်းက လုပ်ဆောင်ရာ ထိုင်းနိုင်ငံသားတစ်ဦးကို ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မေလ(၃)ရက်နေ့ ည(၉)နာရီကစပြီး ဆေးရုံဟောင်းရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ည(၉)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က Ford Ranger အမျိုးအစား မော်တော်ယာဉ်တစ်စီးသည် ကျောင်းရှေ့သို့ မောင်းလာရာ စစ်ဆေးရေးအဖွဲ့က ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဖမ်းခံရသူမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ အသက်(၂၇)နှစ်အရွယ် အိုက်ဆောင် ဆိုသူဖြစ်ပြီး ၎င်းသည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးတွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ညမထွက်ရမိန့်ချိုးဖောက်မှုဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈  အရ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးထံက သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် နေ့များက ညပိုင်း စစ်ဆေးမှုများကို မပြုလုပ်သော်လည်း ၂၀၂၁ခုနှစ် မေလ(၂)ရက်နေ့ ညပိုင်းက တာချီလိတ်ခရိုင်/မြို့နယ်တရားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဲ့ဒီနေ့၏ ညပိုင်းက စ၍ ညစဉ် စစ်ဆေးနေခြင်း ဖြစ်ပြီး ညထွက်လာသူများကို အရေးယူနေရာ မေလ(၂)ရက်နေ့က ဖမ်းဆီးရမိမှုများရှိသော်လည်း ညှိနှိုင်းကာ ပြန်လွှတ်ပေးလိုက်ပြီး မေလ(၃)ရက်နေ့တွင် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား တစ်ဦးကို အမှုဖွင့် အရေးယူလိုက်ခြင်း ဖြစ်သည်။