သမ္မတရုံးရှိ မူးယစ်အထူးသတင်းတိုင်ကြားရေးဌာနသို့ ရှမ်းပြည်နယ်မှ တိုင်ကြားမှူ (၈)မှုတွင် ကျိုင်းတုံ ပါဝင်

သမ္မတရုံးရှိ မူးယစ်အထူးသတင်းတိုင်ကြားရေးဌာနသို့ ရှမ်းပြည်နယ်မှ တိုင်ကြားမှူ (၈)မှုတွင် ကျိုင်းတုံ ပါဝင်
ဒီဇင်ဘာ 24, 2019
By Tachileik News Agency
သမ္မတရုံးရှိ မူးယစ်အထူးသတင်းတိုင်ကြားရေးဌာနသို့  ရှမ်းပြည်နယ်မှ 
တိုင်ကြားမှူ (၈)မှုတွင် ကျိုင်းတုံ ပါဝင်

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ နေပြည်တော်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်ကြားမှု (၁၈)မှုကို အရေးယူမှုအခြေအနေကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ထုတ်ပြန်ထားရာတွင် ကျိုင်းတုံမြို့မှ မူးယစ်တိုင်ကြား ဖမ်းဆီးမှု ပါဝင်ကြောင်း သိရသည်။

တိုင်ကြားမှုများအား အရေးယူမှုတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၊ ပင်လောင်းမြို့နယ် ဆီကုန်းကြီးကျေးရွာနှင့် ရပ်စောက်မြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် လွယ်ကျိုင်းကျေးရွာ၊ လားရှိုးမြို့၊ နမ္မတူမြို့ ပန်ဟိုက် (၈)ရပ်ကွက်နှင့် သဲကွင်း အပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဝေါ်ခုတ်ကျေးရွာ  စိတ်ကြွဆေးမျာမူးယစ်ဆေးရောင်းဝယ်မှုများကို ဖမ်းဆီးရမိခြင်းလည်း ပါဝင်သည်ကို တွေ့ရသည်။

ကျိုင်းတုံမြို့မှ တိုင်ကြားအရေးယူမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဝေါ်ခုတ်ကျေးရွာမှ အသက်(၅၄)နှစ်အရွယ် စိုင်းဖေအား wy စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၂၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

တိုင်ကြားမှုအများစုမှာ ဒေသတွင်း မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူ၊ သုံးစွဲ/ဖြန့်ဖြူးရောင်းချသူများကို တိုင်ကြားထားသည်များ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့မှစ၍ အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ လက်ခံရရှိသည့် တိုင်ကြားစာများကို သမ္မတရုံးက ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အမှုပေါင်း (၉၁၅)မှုကို ဖေါ်ထုတ်ဖမ်းဆီးထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားလိုသူများအနေဖြင့် ဖုန်း 067 590200 ၊ ဖက်စ်ဖုန်း 067 590233 နှင့် အီးမေးလ်လိပ်စာ [email protected] တို့သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~