မိုင်းယောင်းမြို့တွင် အမျိုးသား (၄)ဦးထံက Covid-19 ပိုးတွေ့

မိုင်းယောင်းမြို့တွင် အမျိုးသား (၄)ဦးထံက Covid-19 ပိုးတွေ့
ဇန်နဝါရီ 18, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် အသွားအလာကန့်သတ်ထားသည့် လမ်းလုပ်သားအဖွဲ့မှ အမျိုးသား (၄)ဦးတွင် COVID 19 တွေ့ရှိရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့၌ တောင်ကြီးဓာတ်ခွဲဌာနမှ သတင်းထုတ်ပြန်သည်။

သူတို့က ဆောက်လုပ်ရေးလုပ်ငန်း လုပ်သားတွေလို့ ပြောတယ်။ ရန်ကုန်က (၄)ယောက်၊ ဧရာဝတီတိုင်းက (၅)ယောက်ပေါ့နော်။ ရန်ကုန်က (၁)ယောက်နဲ့ ဧရာဝတီတိုင်းက (၃)ယောက်မှာ positive တွေ့တာပါ

ဟု ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း (ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာ လင်းထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

မိုင်းယောင်းမြို့တွင် အတည်ပြုလူနာ (၄) ဦး ထပ်တိုးလာသဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ COVID 19 ကုသဆောင်များ၌ ကုသမည့်အတည်ပြုလူနာ (၆) ဦးရှိလာမည်ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဇန်နဝါရီလ (၂၁) ရက်နေ့အထိ အတည်ပြုလူနာ တွေ့ရှိမှုမှာ တာချီလိတ်တွင် (၁၁၀) ဦး၊ မိုင်းယောင်းတွင် (၁၆)ဦး၊ မိုင်းပျဉ်းတွင် (၁၂)ဦး၊ မိုင်းတုံတွင် (၈) ဦး၊ မိုင်းဖြတ်တွင် (၄)ဦး၊ ကျိုင်းတုံတွင် (၅)ဦး၊ မိုင်းဆတ်တွင် (၃)ဦးနှင့် မိုင်းယန်းတွင် (၃)ဦး စုစုပေါင်း (၁၅၆)ဦး တွေ့ရသည့်အနက် တာချီလိတ်တွင် (၁)ဦး၊ မိုင်းပျဉ်းတွင် (၁)ဦးနှင့် မိုင်းယောင်းတွင် ယနေ့ထပ်တိုးသည့် (၄)ဦးတို့သာ ကုသမှုခံယူနေဆဲဖြစ်ပြီး ကျန်လူနာအားလုံး ဆေးရုံဆင်းပြီဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။