မော်တော်ယာဉ်အတွင်း ဘိန်းဖြူများ သိုဝှက်၍ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို လားရှိုးတွင် ဖမ်းဆီးရမိ

မော်တော်ယာဉ်အတွင်း ဘိန်းဖြူများ သိုဝှက်၍ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို လားရှိုးတွင် ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

မော်တော်ယာဉ်အတွင်း ဘိန်းဖြူများ သိုဝှက်၍ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို လားရှိုးတွင် ဖမ်းဆီးရမိ

မော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးအား ရှမ်းပြည်နယ်(မြောက်ပိုင်း) လားမြို့နယ်အတွင်း အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဖမ်းဆီးရမိ၍ ကွင်းဆက်များ ဖော်ထုတ်ရမိရေးအတွက် မူးယစ်ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ နေ့လည်ပိုင်းက လားရှိုးမြို့ဘက်မှ သီပေါမြို့ဘက်သို့ တင့်ဝေဦး(ခ)လူလူ မောင်းလာပြီး ဝင်းအောင် (ခ) ဝဏ္ဏစိုး လိုက်ပါလာသည့် မော်တော်ယာဉ်အား မူးယစ်ဆေးဝါးသတင်းအရ ရပ်တန့် စစ်ဆေး ရှာဖွေရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေ မှုများ ပြုလုပ်ရာတွင် မော်တော်ယာဉ်အတွင်း ၀ှက်၍သယ်ဆောင်လာပြီး ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ စုစုပေါင်း အလေးချိန် (၃.၃)ကီလို နှင့် လက်ကိုင်ဖုန်း (၂)လုံးကို တွေ့ရှိ သိမ်းဆည်းရမိ၍ လားရှိုးမြို့မရဲစခန်းတွင်  အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ကွင်းဆက်များ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆက်လက် စစ်ဆေးမှုများ ဆောင်ရွက်နေကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~