မဲေခါင္ျမစ္ေၾကာင္းအတြင္း လူကုန္ကူး၊ မူးယစ္ေဆးႏွင့္ လက္နက္ခဲယမ္း သယ္ေဆာင္ေရာင္းဝယ္ ေနမႈမ်ားႏွင့္ ပတ္သက္၍ (၄)ႏုိင္ငံ ခ်ိတ္ဆက္ႏွိမ္ႏွင္းေရး ေဆြးေႏြး

မဲေခါင္ျမစ္ေၾကာင္းအတြင္း လူကုန္ကူး၊ မူးယစ္ေဆးႏွင့္ လက္နက္ခဲယမ္း သယ္ေဆာင္ေရာင္းဝယ္ ေနမႈမ်ားႏွင့္ ပတ္သက္၍ (၄)ႏုိင္ငံ ခ်ိတ္ဆက္ႏွိမ္ႏွင္းေရး ေဆြးေႏြး
ဇူလိုင် 24, 2019
By Tachileik News Agency
လူကုန္ကူး၊ မူးယစ္ေဆးႏွင့္ လက္နက္ခဲယမ္းေရာင္းဝယ္သူမ်ားက မဲေခါင္ျမစ္ေၾကာင္းကို သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းအျဖစ္ အသံုးျပဳေနမႈကို (၄)ႏုိင္ငံ ခ်ိတ္ဆက္တားဆီးေရး ႏွင့္ ပတ္သက္၍ ၀၁၉ ခုနွစ္၊ ဇူလိုင္လ (၂၄)ရက္ေန႔က ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲ(ဝမ္ပံု) တာခ်ီလိတ္ရံုးတြင္ က်င္းပသည့္ အစည္းအေဝး၌ ထည့္သြင္းေဆြးေႏြးသည္။

မဲေခါင္ျမစ္ေၾကာင္းလံုၿခံဳေရးအတြက္ ကင္းလွည့္ေရယာဥ္မ်ားျဖင့္ ကင္းလွည့္ေဆာင္ရြက္ျခင္းသာမက ျမစ္ေၾကာင္းႏွင့္ ဆက္စပ္ေနသည့္ ကုန္းနယ္နမိတ္မ်ားတြင္လည္း နယ္ေျမခံတပ္မေတာ္၊ နယ္ေျမခံရဲတပ္ဖြဲ႕မ်ားျဖင့္ ပူးေပါင္း၍ လံုၿခံဳေရးေဆာင္ရြက္သြားရန္ အဆုိပါ အစည္းအေဝးတြင္ ေဆြးေႏြးခဲ့သည္။

မဲေခါင္ျမစ္ေၾကာင္းတေလွ်ာက္ႏုိင္ငံမ်ားျဖစ္သည့္ ျမန္မာ၊ တရုတ္၊ ထုိင္းႏွင့္ လာအို (၄)ႏုိင္ငံ၏ အလယ္အလတ္အဆင့္ သတင္းအခ်က္အလက္ဖလွယ္ေရးအစည္းအေဝးကို ျမန္မာက အိမ္ရွင္အျဖစ္လက္ခံကာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္ပံုဆိပ္ကမ္းရိွ ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲ(ဝမ္ပံု)ရံုးတြင္ က်င္းပျခင္းျဖစ္သည္။

မဲေခါင္ျမစ္ေၾကာင္းတြင္ တရားမဝင္ မူးယစ္ေဆးဝါးႏွင့္ လက္နက္ခဲယမ္းမ်ား သယ္ေဆာင္ေရာင္းဝယ္ေနမႈမ်ား၊ လူကုန္ကူးမႈမ်ား၊ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈမ်ားကို (၄)ႏုိင္ငံခ်ိတ္ဆက္၍ တားဆီးႏွိမ္ႏွင္းေရးကို နံနက္(၈)နာရီမွ (၉)နာရီခြဲအထိ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

အဆိုပါ အစည္းအေဝးသို႔ ျမန္မာႏုိင္ငံဘက္မွ အမွတ္(၁)ေရေၾကာင္းရဲကြပ္ကဲေရးအဖြဲ႕ခြဲမွဴးရံုးမွ အဖြဲ႕ခြဲမွဴး ရဲမွဴးႀကီး ေအာင္ေဇာ္မိုး၊ ေရေၾကာင္းရဲတပ္ဖြဲ႕မွဴးရံုးမွ ဦးစီးအရာရိွ(ပထမတန္း) ဒုတိယရဲမွဴးႀကီး လွမိုး၊ ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲ(ဝမ္ပံု)မွ ေရယာဥ္မွဴး ရဲမွဴးသန္းႏုိင္ဦး၊ ႏုိင္ငံျဖတ္ေက်ာ္မႈခင္းဌာနႀကီး (တားဆီးႏွိမ္ႏွင္းေရးဌာနမွ ယာယီရဲမွဴး ျမင့္လြင္၊ မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕၊ အမွတ္(၃၀) မူးယစ္ရဲတပ္ဖြဲ႕စုမွ တပ္ဖြဲ႕စုမွဴး ယာယီရဲမွဴး မ်ိဳးမင္းလိႈင္၊ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕စိတ္မွဴး ရဲမွဴး ရင္ရင္ေအးတို႔ ပါဝင္သည့္အဖြဲ႕၊ တရုတ္ႏုိင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ ေရေၾကာင္းကင္းလွည့္ေရးတပ္ဖြဲ႕မွ တပ္ဖြဲ႕မွဴး ဗိုလ္ခ်ဳပ္ Yuan Yaping ဦးေဆာင္သည့္ (၅)ဦးအဖြဲ႕၊ လာအိုႏုိင္ငံ နမ့္ထားျပည္နယ္တုိင္းစစ္ဌာနခ်ဳပ္မွ တပ္ဖြဲ႕မွဴး ဗိုလ္မွဴးႀကီး Soubin ဦးေဆာင္သည့္ (၅)ဦးအဖြဲ႕၊ ထိုင္းႏိုင္ငံ မဲေခါင္ျမစ္ေၾကာင္းျပစ္မႈကာကြယ္တုိက္ဖ်က္ေရးဗဟိုဌာနမွ ဌာနမွဴး ရဲမွဴးႀကီး Nikom ဦးေဆာင္သည့္ (၆)ဦးအဖြဲ႕တို႔ တက္ေရာက္ေဆြးေႏြးၾကျခင္းျဖစ္သည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လူကုန်ကူး၊ မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းရောင်းဝယ်သူများက မဲခေါင်မြစ်ကြောင်းကို သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုနေမှုကို (၄)နိုင်ငံ ချိတ်ဆက်တားဆီးရေး နှင့် ပတ်သက်၍ ဝ၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့က ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) တာချီလိတ်ရုံးတွင် ကျင်းပသည့် အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးသည်။

မဲခေါင်မြစ်ကြောင်းလုံခြုံရေးအတွက် ကင်းလှည့်ရေယာဉ်များဖြင့် ကင်းလှည့်ဆောင်ရွက်ခြင်းသာမက မြစ်ကြောင်းနှင့် ဆက်စပ်နေသည့် ကုန်းနယ်နမိတ်များတွင်လည်း နယ်မြေခံတပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်သွားရန် အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

မဲခေါင်မြစ်ကြောင်းတလျှောက်နိုင်ငံများဖြစ်သည့် မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို (၄)နိုင်ငံ၏ အလယ်အလတ်အဆင့် သတင်းအချက်အလက်ဖလှယ်ရေးအစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ်လက်ခံကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းရှိ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)ရုံးတွင် ကျင်းပခြင်းဖြစ်သည်။

မဲခေါင်မြစ်ကြောင်းတွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရောင်းဝယ်နေမှုများ၊ လူကုန်ကူးမှုများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို (၄)နိုင်ငံချိတ်ဆက်၍ တားဆီးနှိမ်နှင်းရေးကို နံနက်(၈)နာရီမှ (၉)နာရီခွဲအထိ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ အမှတ်(၁)ရေကြောင်းရဲကွပ်ကဲရေးအဖွဲ့ခွဲမှူးရုံးမှ အဖွဲ့ခွဲမှူး ရဲမှူးကြီး အောင်ဇော်မိုး၊ ရေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး လှမိုး၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ ရေယာဉ်မှူး ရဲမှူးသန်းနိုင်ဦး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး (တားဆီးနှိမ်နှင်းရေးဌာနမှ ယာယီရဲမှူး မြင့်လွင်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၃၀) မူးယစ်ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ယာယီရဲမှူး မျိုးမင်းလှိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးတို့ ပါဝင်သည့်အဖွဲ့၊ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရေကြောင်းကင်းလှည့်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဗိုလ်ချုပ် Yuan Yaping ဦးဆောင်သည့် (၅)ဦးအဖွဲ့၊ လာအိုနိုင်ငံ နမ့်ထားပြည်နယ်တိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး Soubin ဦးဆောင်သည့် (၅)ဦးအဖွဲ့၊ ထိုင်းနိုင်ငံ မဲခေါင်မြစ်ကြောင်းပြစ်မှုကာကွယ်တိုက်ဖျက်ရေးဗဟိုဌာနမှ ဌာနမှူး ရဲမှူးကြီး Nikom ဦးဆောင်သည့် (၆)ဦးအဖွဲ့တို့ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net