တရားရုံးအပေါ် အများပြည်သူ၏ ယုံကြည်မှုရရှိရေး အစီအစဉ် တာချီလိတ်ခရိုင် တရားရုံးတွင် ၂၀၂၀ စမည်

တရားရုံးအပေါ် အများပြည်သူ၏ ယုံကြည်မှုရရှိရေး အစီအစဉ် တာချီလိတ်ခရိုင် တရားရုံးတွင် ၂၀၂၀ စမည်
ဒီဇင်ဘာ 30, 2019
By Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တရားရုံးအပေါ် အများပြည်သူ၏ ယုံကြည်မှုရရှိရေး အစီအစဉ် တာချီလိတ်ခရိုင်တရားရုံးတွင် ၂၀၂၀ စမည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး တာချီလိတ်ခရိုင်တရားရုံးမှာ
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုဆိုတဲ့  အစီအစဉ်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က စပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ သတ်မှတ်ထားတဲ့ ပြဌာန်းချက်တွေကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

အမှုတွေနဲ့ ပတ်သက်ပြီး တရားစီရင်တဲ့အခါမှာ တရားရုံးတွေအပေါ် အများပြည်သူရဲ့ ယုံကြည်ကိုးစားမှု မြှင့်တင်နိုင်ရေး အတွက် ပွင့်လင်းမြင်သာစွာ အမှုစစ်ဆေးခြင်း ဆောင်ရွက်ရမယ့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ၂၀၁၅ ခုနှစ်ကတည်းက စပြီး မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖေါ်နေတာဖြစ်ပေမဲ့ နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်ခရိုင်အတွင်းမှာတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှာ စတင်နိုင်မှာ ဖြစ်ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~