တာချီလိတ်ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် စက်တင်ဘာလ(၁၉)ရက်နေ့အထိ (၇)ရက်တာအတွင်း ထိုင်းနိုင်ငံသား (၂၄၇၀၀)ကျော် ညအိပ်နှင့် နေ့ချင်းပြန် ၀င်ရောက်

တာချီလိတ်ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် စက်တင်ဘာလ(၁၉)ရက်နေ့အထိ (၇)ရက်တာအတွင်း ထိုင်းနိုင်ငံသား (၂၄၇၀၀)ကျော် ညအိပ်နှင့် နေ့ချင်းပြန် ၀င်ရောက်
စက်တင်ဘာ 20, 2019
By Tachileik News Agency



ယင်းအပြင် စက်တင်ဘာလ(၁၉)ရက်နေ့အထိ (၇)ရက်တာအတွင်း လန့်တောင်း နေ့ချင်းပြန်ခရီးသွား ဧည့်သည် ထိုင်းနိုင်ငံသား(၇)ဦး၊ မိုင်းဖြတ် နှင့် ကျိုင်းတုံသို့ ထိုင်းနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသည် (၅၇)ဦး အပြင် ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၉၀၉)ဦးရှိခဲ့သည်။

တာချီလိတ်တွင် နိုင်ငံခြားသားများအနေဖြင့် တာချီလိတ်ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ မဟာမြမုနိဘုရားကြီးကျောင်းတိုက်နှင့် တာလော့ဈေး အပြင် ဘုရင့်နောင်ရင်ပြင်သို့ အများဆုံး လည်ပတ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

 မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် စက်တင်ဘာလ(၁၉)ရက်နေ့အထိ (၇)ရက်အတွင်း ညအိပ်နှင့် နေ့ချင်းပြန် ထိုင်းနိုင်ငံသား (၂၄,၇၀၀)ကျော် နှင့် တတိယနိုင်ငံသား ခရီးသွားဧည့်သည် (၄၄၂)ဦး ဝင်ရောက်သွားလာခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့အထိ ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် ညအိပ် နှင့် နေ့ချင်းပြန် လာရောက်သည့် ထိုင်းနိုင်ငံသား စုစုပေါင်း (၂၄,၇၉၁) ဦးရှိခဲ့ပြီး တတိယနိုင်ငံသား နိုင်ငံခြားသား ခရီးသွားဧည့်သည် (၄၄၂)ဦးရှိခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် စက်တင်ဘာလ(၁၉)ရက်နေ့အထိ (၇)ရက်တာအတွင်း လန့်တောင်း နေ့ချင်းပြန်ခရီးသွား ဧည့်သည် ထိုင်းနိုင်ငံသား(၇)ဦး၊ မိုင်းဖြတ် နှင့် ကျိုင်းတုံသို့ ထိုင်းနိုင်ငံသားနှင့် ကမာ္ဘလှည့်ခရီးသည် (၅၇)ဦး အပြင် ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၉၀၉)ဦးရှိခဲ့သည်။

တာချီလိတ်တွင် နိုင်ငံခြားသားများအနဖြေင့် တာချီလိတ်ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ မဟာမြမုနိဘုရားကြီးကျောင်းတိုက်နှင့် တာလော့ဈေး အပြင် ဘုရင့်နောင်ရင်ပြင်သို့ အများဆုံး လည်ပတ်ကြောင်း သိရသည်။

တာချီလိတ်ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားမှ တဆင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့အထိ နေ့ချင်းပြန်နှင့်ညအိပ် ထိုင်းနိုင်ငံသား စုစုပေါင်း (၈၂၅,၉၂၉)ဦးရှိခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net