နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဧကရာဇ်၏ ညီမတော် တော်ဝင်မင်းသမီးတို့ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဧကရာဇ်၏ ညီမတော် တော်ဝင်မင်းသမီးတို့ တွေ့ဆုံ
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဧကရာဇ်၏ ညီမတော် တော်ဝင်မင်းသမီးတို့ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဧကရာဇ်၏ ညီမတော် တော်ဝင်မင်းသမီး ယိုကိုအား နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက် (၁၀) နာရီက လက်ခံတွေ့ဆုံသည်။

မင်းသမီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သွားရောက်လည်ပတ်ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေရာများနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်အချက်အလက်များ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

Tachileik News Agency
Photo: Myanmar State Counsellor Office
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~