ထိုင်းနိုင်ငံဘက်ကို နယ်မြေကျော်လွန် ပစ်ခတ်မှုမလုပ်ရန် မြန်မာအာဏာသိမ်းစစ်တပ်ကို ထိုင်းစစ်တပ် သတိပေး

ထိုင်းစစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး အဖိချက် ဆူဆက်  Photo: Chinnawat Singha

ထိုင်းဘက်သို့ နယ်မြေကျော်လွန်ပစ်ခတ်မှုများ ထပ်မလုပ်ရန် မြန်မာအာဏာသိမ်းစစ်တပ်ကို ထိုင်းစစ်တပ်က သတိပေးစာပို့မည်ဟု ထိုင်းစစ်တပ် ဒုတိယဗိုလ်ချုပ်ကြီးက ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့တွင် ဖေါ်ပြထားသည်။

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်အတွင်း အခြေစိုက်ထားသည့် အာဏာသိမ်းစစ်တပ်၏ မဲ့သရီးထအခြေစိုက်စခန်းမှ ယမန့်ပစ်ခတ်မှုအတွင်း ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် (၃) ခုကျရောက်ပေါက်ကွဲပြီးနောက် အာဏာသိမ်း မြန်မာစစ်တပ်အား သတိပေးစာကို မြန်မာ - ထိုင်းနယ်ခြားကော်မတီမှတစ်ဆင့် ပေးပို့မည်ဟု ထိုင်းဘက်က သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

မြန်မာဘက်မှ အာဏာသိမ်းစစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၃) လုံးမှာ ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်၊ ဘန့်ထာ့ထဖန်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့ဘက် မီးခိုးဗုံးပစ်ပြီး သတိပေးလိုက်မှ သူတို့ဘက်က(မြန်မာအာဏာသိမ်းစစ်တပ်) ပစ်ခတ်တာ ရပ်သွားတယ် " ဟု ထိုင်းစစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး အဖိချက် ဆူဆက် ကပြောသည်။

လက်နက်ကြီးကျည်မှာ မြစ်ကမ်းပါးတွင် ကျရောက်ပေါက်ကွဲသဖြင့် လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။