တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တစ်နေ့တည်း (၄)ဦးထပ်တိုး၍ Covid-19 အတည်ပြုလူနာ (၁၀၀)ရှိ

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တစ်နေ့တည်း (၄)ဦးထပ်တိုး၍ Covid-19 အတည်ပြုလူနာ (၁၀၀)ရှိ

တာချီလိတ်မြို့ တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ (၂၇) ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၄)ဦး ထပ်တိုး၍  လက်ရှိတွင်  COVID 19 အတည်ပြုလူနာ (၁၀၀) ဦးရှိကြောင်း မယ်ဆိုင်ကျန်းမာရေးက သတင်းထုတ်ပြန်ထားရှိသည်။

မယ်ဆိုင်မြို့တွင် နေ့စဉ် COVID 19 တွေ့ရှိမှုမြင့်တက်နေသဖြင့် ရောဂါကာကွယ်ရေးညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး အတည်ပြုလူနာတွေ့ရှိရာနေရာများကို အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်နေရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဧပြီလ (၂၇) ရက်နေ့က COVID 19 အတည်ပြုလူနာ (၂၁၇၉)ဦးနှင့် သေဆုံးရသူ (၁၅)ဦးရှိပြီး COVID 19 တတိယလှိုင်းအတွင်း ဒုတိယလှိုင်းကထက် နေ့စဉ်အတည်ပြုလူနာတွေ့နှုန်းနှင့် သေဆုံးနှုန်း မြင့်လာသည်ကို တွေ့ရသည်။



သေဆုံးရသူအများစုမှာ အခြားရောဂါအခံရှိသူအများစုဖြစ်သည်ဟု သိရသည်။



ထိုင်းနိုင်ငံအတွင်း ခရိုင် (၇၇) ခုအနက် ခရိုင် (၇) ခုတွင် အနည်းဆုံး အတည်ပြုလူနာ (၅၀) ဦးစီ၊ ခရိုင် (၂၅) ခုတွင် အတည်ပြုလူနာ အနည်းဆုံး (၁၀) ဦးစီနှင့် ခရိုင် (၅၂) ခုတွင် အနည်းဆုံး အတည်ပြုလူနာ (၁၀) ဦးအောက်တွင်ရှိနေသည်ဟု သိရသည်။