တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ ချင်းဆဲန်မြို့တွင် လေပြင်းထန်ကာ မိုးရွာသွန်းသည့်အပြင် မိုးသီးများကျကာ နေအိမ်များ နှင့် ဓါတ်တိုက်များပါ ထိခိုက်မှုဖြစ်ပေါ်

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ ချင်းဆဲန်မြို့တွင် လေပြင်းထန်ကာ မိုးရွာသွန်းသည့်အပြင် မိုးသီးများကျကာ နေအိမ်များ နှင့် ဓါတ်တိုက်များပါ ထိခိုက်မှုဖြစ်ပေါ်
ဒီဇင်ဘာ 29, 2019
By Tachileik News Agency
တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ ချင်းဆဲန်မြို့တွင် လေပြင်းထန်ကာ မိုးရွာသွန်းသည့်အပြင် 
မိုးသီးများကျကာ နေအိမ်များ နှင့် ဓါတ်တိုက်များပါ ထိခိုက်မှုဖြစ်ပေါ်

တာချီလိတ်မြိုနှင့် အနီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ကျင်းဆဲန်ဒေသ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် လေပြင်းထန်ကာ မိုးရွာသွန်းသည့်အပြင် မိုးသီးများ ကျမှုကြောင့်  လျှပ်စစ်ဓါတ်အားလိုင်းများ ပြတ်တောက်ခြင်းအပါအဝင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားမှုအခြေအနေကို လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ညနေပိုင်းတွင် မိုးသီးများကျခဲ့ပြီး ည (၉)နာရီဝန်းကျင်တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးများ ထပ်မံကြွေကျခြင်းတို့ကြောင့် သစ်ပင်များ၊ လျှပ်စစ်ဓါတ်အားလိုင်းများ လဲပြိုခြင်း၊ နေအိမ်အမိုးများ ပျက်စီးခြင်း လဲပြိုခြင်းအပါအဝင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရသူများနှင့် အရေးပေါ် အကူအညီလိုအပ်သူများ ရှိမရှိကို သက်ဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်း၌ လိုက်လံစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ချင်းဆဲန်ရှိ လမ်းများတွင် သစ်ပင်များလဲပြိုကျနေသည်များကို ရှင်းလင်းနေရပြီး လျှပ်စစ်မီးလည်း ပြတ်တောက်နေကြောင်း သိရသည်။

အလားတူ မယ်ကျန့်တွင်လည်း လေပြင်းနှင့် မိုးသီးကြွေကျမှုဒဏ်ကို ခံစားခဲ့ကြရပြီး နေအိမ်တစ်လုံးလည်း မီးလောင်မှုဖြစ်ပွားသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် တာချီလိတ်မြို့တွင်လည်း ည(၈)နာရီခွဲဝန်းကျင်အချိန်က လျှပ်စစ်မီး လျပ်တပြတ်နှစ်ကြိမ် မသိမသာပြတ်တောက်မှုလည်း ဖြစ်ပေါ်ခဲ့သည်။

Tachileik News Agency
Photo: penkhaonews, ฅนแม่จัน, 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~