အထက(တာချီလိတ်)မှ ၂၀၁၉ခုနှစ်အထိ အငြိမ်းစား ယူသွားသည့် ဆရာ ဆရာမများအား ပူဇော်ကန်တော့ပွဲ ရှမ်းရိုးမကွင်းအတွင်း ဇန်နဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်၍ ကျောင်းသူ ကျောင်းသားဟောင်းများ ပါဝင်နိုင်

အထက(တာချီလိတ်)မှ ၂၀၁၉ခုနှစ်အထိ အငြိမ်းစား ယူသွားသည့် ဆရာ ဆရာမများအား ပူဇော်ကန်တော့ပွဲ ရှမ်းရိုးမကွင်းအတွင်း ဇန်နဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်၍ ကျောင်းသူ ကျောင်းသားဟောင်းများ ပါဝင်နိုင်
ဒီဇင်ဘာ 17, 2019
By Tachileik News Agency
အထက(တာချီလိတ်)မှ ၂၀၁၉ခုနှစ်အထိ အငြိမ်းစား ယူသွားသည့် ဆရာ ဆရာမများအား ပူဇော်ကန်တော့ပွဲ ရှမ်းရိုးမကွင်းအတွင်း ဇန်နဝါရီလ(၁)ရက်နေ့တွင်  ပြုလုပ်မည်ဖြစ်၍ 
ကျောင်းသူ ကျောင်းသားဟောင်းများ ပါဝင်နိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အ.ထ.က (တာချီလိတ်)ကျောင်းမှ 2019ခုနှစ်အထိ အငြိမ်းစား ယူခဲ့သည့် ဆရာ၊ ဆရာမများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့၌ ပူဇော်ကန်တော့ပွဲ ကျင်းပမည်ဖြစ်၍ အထက(တာချီလိတ်)၏ ကျောင်းသူ ကျောင်းသားဟောင်း မည်သူမဆို လာရောက်နိုင်ကြောင်း သိရသည်။

“ အ.ထ.က (တာချီလိတ်)မှာ 2019 ခုနှစ်အထိ အငြိမ်းစားယူသွားပြီးဖြစ်တဲ့ ဆရာ၊ ဆရာမတွေကို ပူဇော်ကန်တော့ကြမှာဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေ မည်သူမဆို ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီနေ့မှာ တက်လာတဲ့သူတွေကို ကျွေးမွေးတာကအစ အားလုံးစီစဉ်ထားပါတယ်။ ဒီပွဲမှာပဲ ကိုယ့်နှစ်အလိုက် ဆရာ၊ဆရာမတွေကို ကန်တော့ပစ္စည်းတွေ ထပ်ပြီးကန်တော့ချင်တယ်ဆိုရင်လည်း ရပါတယ်”ဟု အ.ထ.က (တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာစရိယပူဇော်ပွဲကို ရှမ်းရိုးမကွင်းအတွင်း ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အ.ထ.က(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့က ဒုတိယအကြိမ် အာစရိပူဇော်ပွဲရန်ပုံငွေအဖြစ် Tachileik New Year Countdown 2020 Festival ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ည၌ ရှမ်းရိုးမကွင်းတွင် တေးသံရှင် မနောနှင့်အဖွဲ့၊ အဆိုတော် ထက်ယံ အပါအဝင် တာချီလိတ် A3N Music Band မှ လူငယ်တေးသံရှင်များဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ယင်းနောက် အာစရိယပူဇော်ပွဲကျင်းပမည့် ဇန်နဝါရီလ (၁)ရက်နေ့နှင့် ဇန်နဝါရီလ (၂)ရက်နေ့များတွင်  A3N Music Band  မှ လူငယ်များဖြင့် Free Show ဖျော်ဖြေမှုများ စီစဉ်ပေးထားကြောင်း သိရသည်။

အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ နှင့် အာစရိယပူဇော်ပွဲ နှင့် ပတ်သက်၍ အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

  • ၁. Jonny Fitness Center၊ ရှမ်းရိုးမကွင်းအနောက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။ ( ဖုန်း - 095240445 )
  • ၂. Jonny လျပ်စစ်ပစ္စည်းအရောင်းဆိုင်၊ အကောက်ခွန်ရုံးထောင့်အရှေ့၊ ဝမ်ကောင်းဈေးအထွက်၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။ 
  • ၃. ကြယ်တံခွန်ကုန်စုံဆိုင်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
  • အထွန်းကုန်စုံဆိုင် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး၊ ပါလျှံလမ်းဆုံ မီးပွိုင့်အနီး၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့။
  • ၄.  ကိုမျိုးမင်းလှိုင် - ဖုန်း 09428233595  
  • ၅. ကိုထွန်းပေါ်သိန်း - 09456513924 

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~