တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီဈေးတွင် ဈေးရောင်းဈေးဝယ်များ mask တပ်ရန် အထူးလိုအပ်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီဈေးတွင် ဈေးရောင်းဈေးဝယ်များ mask တပ်ရန် အထူးလိုအပ်
ဧပြီ 28, 2020
By Tachileik News Agency
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီဈေးတွင် ဈေးရောင်းဈေးဝယ်များ mask တပ်ရန် အထူးလိုအပ်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ယာယီဈေးဖွင့်လှစ်ထားရှိသည့်ကာလတွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ အနေဖြင့် နှာခေါင်းစည်း(Mask)တပ်ရန် နှင့် (၃)ပေအကွာမှ ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြရန် ဧပြီလ(၂၈)ရက်နေ့ နံနက်ပိုင်းက ထပ်မံ အသိပေးလုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ဟင်းသီးဟင်းရွက် နှင့် သားငါးများ ရောင်းချပေးနေလျက်ရှိပြီး ဈေးသည် အချို့ နှင့် ဈေးဝယ်သူ အချို့မှ သတ်မှတ်စည်းကမ်းကို လိုက်နာမှု မရှိသည်ကို တွေ့ရ၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက mask တပ်ရန် အထူးလိုအပ်ကြောင်း ထပ်မံ၍ အသိပညာပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းသူ နှင့် ဈေးဝယ်သူအကြား (၃)ပေအကွာက ဈေးရောင်းဈေးဝယ်ပြုလုပ်ရန် နှင့် စည်ပင်သာယာရေးဌာနက သတ်မှတ်ထားသည့် စည်းကမ်းများကိုလည်း လိုက်နာရန် အသိပေးထားရှိသည်။

ရှမ်းရိုးမကွင်းအတွင်း၌ ယာယီဈေးအား နံနက်(၆)နာရီမှ နံနက်(၁၁)နာရီအထိ ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး အလှကုန်ပစ္စည်း နှင့် ကုန်ခြောက်များ အဝတ်အထည်များကိုတော့ မြို့မဈေးကြီးအတွင် ပုံမှန်ရောင်းချပေးနေလျက်ရှိသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~