တာချီလိတ်ခရိုင်အတွင်းရှိ ထိုင်း - လာအို - တရုတ် နယ်စပ်ပေါက်များ အားလုံးတွင် ကိုရိုနာဗိုင်းရပ်စစ်ဆေးခြင်းကို အင်အားသုံး ဆောင်ရွက်မည်

တာချီလိတ်ခရိုင်အတွင်းရှိ ထိုင်း - လာအို - တရုတ် နယ်စပ်ပေါက်များ အားလုံးတွင် ကိုရိုနာဗိုင်းရပ်စစ်ဆေးခြင်းကို အင်အားသုံး ဆောင်ရွက်မည်
မတ် 20, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်းနှင့် ဆက်စပ်သည့် ထိုင်း - လာအို - တရုတ် နယ်စပ်ပေါက်များ အားလုံးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းကို အင်အားသုံး ဆောင်ရွက်မည်

မြန်မာ - လာအို - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်ခရိုင်အတွင်းရှိ နယ်စပ်ဝင်ပေါက် ထွက်ပေါက်များတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အင်အားသုံးကာ မတ်လ(၂၁)ရက်နေ့က စ၍ ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး တာချီလိတ် နှင့် မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းတစ်လျှောက် တရားမဝင်သွားလာနေသည့် နေရာများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တဆင့် တားမြစ်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

အခု ဆယ်တန်းစာမေးပွဲတွေ ပြီးပြီဖြစ်လို့ ကြက်ခြေနီအင်အားရော၊ ကျန်တဲ့ ကူညီကြမဲ့ အင်အားတွေရော ဖြည့်တင်းပြီးတော့ တောက်လျှောက်  ဆက်လက်ပြီးတော့ ဆောင်ရွက်မှာပါ

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်းရှိ နယ်စပ်ပေါက်များဖြစ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)(၂) တံတားများ အပါအဝင်၊ မြန်မာ - လာအိုနယ်စပ်ဖြစ်ပြီး စက်လှေများဖြင့် ဝင်ထွက်သွားလာနေသည့် ဝမ်ပုံဆိပ်ကမ်းအပြင် တာချီလိတ်လေဆိပ် နှင့် မြန်မာ - တရုတ် နယ်စပ် မိုင်းယုမြို့ဘက်တွင်လည်း စစ်ဆေးမှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေးအတွက် အင်းအားသုံး ဆောင်ရွက်ရေးနှင့် ဆေးရုံတွင် စောင့်ကြည့်လူနာထားရှိသည့် အခန်းအခြေအနေများ အပါအဝင် ကောလာ ဟလများကို ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်ကာ ကာကွယ်ရေးအတွက် ၂၀၂၀ခုနှစ် မတ်လ (၂၀)ရက်နေ့ ညနေပိုင်းက တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရှိ အစည်းအဝေးခန်းမတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်ခရိုင်အတွင်း မြို့နယ်များမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~