တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် အာခါတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေ

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် အာခါတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေ
ဒီဇင်ဘာ 17, 2019
By Tachileik News Agency

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် အာခါတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှစ၍ (၃)ရက်ကြာ ကျင်းပသွားမည့် တာချီလိတ်ခရိုင် အာခါတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူး"ခါးထောင်းဖား" နှစ်သစ်ကူးပွဲတော်အတွက် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

အာခါရိုးရာစုပေါင်းနှစ်သစ်ကူး "ခါးထောင်းဖား"ပွဲတော်ကို ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၁၈)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်သော်လည်း ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၁၀)နာရီတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။

အာခါတိုင်းရင်းသားရိုးရာစုပေါင်းနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော်သည် အာခါတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် အရေးကြီးသည့် ပွဲတော်တစ်ခုဖြစ်ပြီး ဘိုးဘေးတို့ထံမှရရှိသော ကောင်းချီးမင်္ဂလာကြောင့် ခံစားရသော ကျေးဇူးတော်များကို အောက်မေ့ပြီး ကျေးဇူးဆပ်သောပွဲတော်အဖြစ် ကျင်းပလေ့ရှိခြင်းကြောင်း သိရသည်။

အာခါတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ အများဆုံး ပျံ့နှံ့နေထိုင်ကြခြင်းဖြစ်ကာ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း ပျံ့နှံ့နေထိုင်ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~