
ဇှနျ 7, 2019
By 🌸



ဓါတ်ပုံ -ရဲတပ်ဖွဲ့


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ကျိုင်းတုံမြို့တွင် ခိုးယူလာသည်ဟု ယူဆရသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ လူငယ်တစ်ဦးကို ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ခိုးယူလာသည်ဟုယူဆရသည့် Honda Wave ဆိုင်ကယ်တစ်စီးနှင့်အတူ လူငယ်တစ်ဦးကိုတွေ့ရသဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်ဘက်သို့ လူငယ်အမျိုးသားတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ် မှတ်ပုံတင်အမှတ် ကတ/၂၁၄၅၃ Honda Wave 100 အမျိုးအစား ဆိုင်ကယ်တစ်စီးကို လှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့က တွေ့ရသဖြင့် သက်သေများနှင့်အတူ စစ်ဆေးရာ ခိုးယူလာသည်ဟု သံသဖြစ်ဖွယ်တွေ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သံသဖြစ်ဖွယ်ဆိုင်ကယ်နှင့်အတူတွေ့ရသည့် အမျိုးသားအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၅၈၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net