တာချီလိတ်မြို့တွင်း COVID-19 စစ်ဆေးရေး Test Kit ဝယ်ယူရန်နှင့် ကာကွယ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် အလှူရှင်များ ထပ်မံလှူဒါန်း

တာချီလိတ်မြို့တွင်း COVID-19 စစ်ဆေးရေး Test Kit ဝယ်ယူရန်နှင့် ကာကွယ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် အလှူရှင်များ ထပ်မံလှူဒါန်း
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း COVID-19 စစ်ဆေးရေး Test Kit ဝယ်ယူရန်နှင့် ကာကွယ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် အလှူရှင်များ ထပ်မံလှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များမှ ထည့်ဝင်လှူဒါန်းမှုများပြုလုပ်နေရာတွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် အလှူရှင် (၆) ဦးမှ ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဒီဇင်ဘာ (၁) ရက်နေ့တွင် အလှူရှင် (၆) ဦးမှ ထိုင်းဘတ်ငွေ (၄၆၇,၀၂၅) ဘတ်လှူဒါန်းပြီး နိုဝင်ဘာ (၃၀) ရက်နေ့ကလည်း အလှူရှင် (၂၀) ဦးမှ ထိုင်းဘတ်ငွေ (၁,၃၂၇,၇၇၅) ဘတ် လှူဒါန်းခဲ့သဖြင့် စုစုပေါင်း အလှူငွေ ထိုင်းဘတ်ငွေ (၁,၇၉၄,၈၀၀) ဘတ်ရရှိထားကြောင်း သိရသည်။
တာချီလိတ်တွင် ဒီဇင်ဘာ (၁) ရက်နေ့အထိ အတည်ပြုလူနာ (၅၀) ဦးရှိနေပြီး ၎င်းတို့နှင့် ဆက်စပ်သူများအား COVID-19 စစ်ဆေးပေးနေရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးပေးသည့် RTD များအပြင် ထပ်တိုးစစ်ဆေးပေးနိုင်ရန် တာချီလိတ်ခရိုင်အနေဖြင့် ဝယ်ယူဖြည့်တင်းရန် စီစဉ်နေပြီး အခြား COVID-19 ကာကွယ်ရေးလုပ်ငန်းများတွင်လည်း သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ 
Tachileik News Agency

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~