တာလေမြို့အတွင်း ကျိုင်းတုံ - တာလေ - တာချီလိတ် လမ်းမပေါ်တွင် ပျက်စီနေသည့် လမ်းများ နှင့် ယာဉ်တိုက်မှု အဖြစ်များသည့် နေရာများကို ပြင်ဆင်ရန် ဆောင်ရွက်နေ

တာလေမြို့အတွင်း ကျိုင်းတုံ - တာလေ - တာချီလိတ် လမ်းမပေါ်တွင် ပျက်စီနေသည့် လမ်းများ နှင့် ယာဉ်တိုက်မှု အဖြစ်များသည့် နေရာများကို ပြင်ဆင်ရန် ဆောင်ရွက်နေ
စက်တင်ဘာ 3, 2020
By Tachileik News Agency
တာလေမြို့အတွင်း ကျိုင်းတုံ - တာလေ - တာချီလိတ် လမ်းမပေါ်တွင် ပျက်စီနေသည့် လမ်းများ နှင့် ယာဉ်တိုက်မှု အဖြစ်များသည့် နေရာများကို ပြင်ဆင်ရန် ဆောင်ရွက်နေ
  
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်း ပါဝင်သည့် ကျိုင်းတုံ - တာလေ - တာချီလိတ် လမ်းမပေါ်တွင် ပျက်ဆီးနေသည့် လမ်းပိုင်းများနှင့်  ယာဉ်တိုက်မှု အဖြစ်များသည့်‌ နေရာများအား  ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပြင်ဆင်နိုင်ရန်  ဆောင်ရွက်နေကြောင်း သိရသည်။
"မိုးရွာတော့ လမ်းတွေပျက်နေသလို ယာဉ်တိုက်မှုလည်း ခဏခဏဖြစ်တယ်။ အကွေ့နားမှာ လမ်းကလည်း ကျဉ်းတယ်၊ လမ်းညွှန်အမှတ်အသားလည်းမရှိတော့ ယာဉ်တိုက်မှု ခဏခဏဖြစ်တယ်၊ လမ်းတွေတော့ အပြင်နေပြီ လမ်းညွှန် ဆိုင်းဘုတ်တွေတော့ မှာထားတုန်းပဲရှိသေးတယ်။" ဟု တာလေမြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့တွင် ပြောသည်။
မိုင်းဖြတ် - တာလေ - ကျိုင်းလပ် လမ်းဆုံနေရာတွင် ဖျက်ဆီးနေသည့် လမ်းပိုင်းအပါအဝင် အခြားလမ်းပိုင်းအား ပြင်ဆင်နေလျက်ရှိပြီး ယာဉ်တိုက်မှု အဖြစ်များသည့် နေရာများတွင် သတိပေးချက်များအဖြစ် လမ်းညွှန်ဆိုင်းဘုတ်များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
တာလေမြို့သည် တာချီလိတ်မှ တဆင့် မိုင်းဖြတ်မြို့ နှင့် ကျိုင်းတုံမြို့များသို့ သွားသည့် လမ်းပေါ်တွင်ရှိပြီး တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - တာလေ ထွေအုပ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~