မိုင်းဆတ် - တာချီလိတ်လမ်းပေါ် လွယ်ပါရင်(၂)ကျေးရွာအနီးတွင် စိတ်ကြွဆေးပြားတစ်သိန်း ဖမ်းမိ

မိုင်းဆတ် - တာချီလိတ်လမ်းပေါ် လွယ်ပါရင်(၂)ကျေးရွာအနီးတွင် စိတ်ကြွဆေးပြားတစ်သိန်း ဖမ်းမိ
နိုဝင်ဘာ 24, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း မိုင်းဆတ် - တာချီလိတ်သွား လမ်းပေါ်  လွယ်ပါရင်(၂) ကျေးရွာအနီးတွင် အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြား တစ်သိန်းနဲ့အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် လွယ်ပါရင်(၂)ကျေးရွာအနီး မိုင်းဆတ် - တာချီလိတ် သွားလမ်းပေါ်တွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ ည(၆)နာရီ ဝန်းကျင်အချိန်က မူးယစ်ရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယာဉ်များအား ရပ်တန့် ရှာဖွေစဉ် မိုင်းတွမ်းဘက်မှ တာချီလိတ်ဘက်သို့ လာသည့် မော်တော်ယာဉ်အတွင်းထဲက စိတ်ကြွ ဆေးပြားများကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်ရာတွင် အသက်(၃၃)နှစ်အရွယ်ရှိ ယာဘာ မောင်းလာသည့် ယာဉ်၏ နောက်ခန်း ထိုင်ခုံနှစ်ခုကြားထဲက ဆာလာအိတ်အတွင်းထဲမှ စိတ်ကြွဆေးပြား တစ်သိန်းကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်သည်။

စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းဆီးရမိသည့် ယာဘာ အား မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မယ(ပ)၄၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးနေလျှက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net