ရပ်ကွက်အတွင်း ဆူပူနှောက်ယှက်နေ၍ ဝိုင်းဝန်းဖမ်းဆီးရာမှ မူးယစ်ဆေးနှင့်အတူ ဖမ်းမိ

ရပ်ကွက်အတွင်း ဆူပူနှောက်ယှက်နေ၍ ဝိုင်းဝန်းဖမ်းဆီးရာမှ မူးယစ်ဆေးနှင့်အတူ ဖမ်းမိ
နိုဝင်ဘာ 19, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ပန်လင်ကျေးရွာတွင် ရပ်ကွက်ထဲနှောင့်ယှက်နေ၍ ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးလိုက်သည့် အမျိုးသားတစ်ဦး၏ အိတ်အတွင်းမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများတွေ့ရှိရသဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ကြောင်း သိရသည်။

ပန်လင်ကျေးရွာအုပ်စု၊ ပန်လင်ကျေးရွာတွင် နိုဝင်ဘာလ (၁၇)ရက်နေ့ ည (၈)နာရီခွဲဝန်းကျင်၌ ရပ်ကွက်အတွင်း ပုဆိုးစလွယ်သိုင်း၍ သွားလာပြီး ပတ်ဝန်းကျင်အား ကျောက်ခဲဖြင့် လိုက်လံပစ်ပေါက်နေသည့် မောင်အေးကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ အသိသက်သေများနှင့် ကျေးရွာသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မောင်အေး၏ လွယ်အိတ်အတွင်းမှ ဘိန်းဖြူ (၂.၇)ဂရမ်၊ စိတ်ကြွဆေးပြား (၁၉၀)ပြားတို့ကို တွေ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းထားရာ ဒေသလုံခြုံရေးအခြေအနေအရ ရဲတပ်ဖွဲ့ထံ ချက်ချင်းဆက်သွယ်၍ မရနိုင်သဖြင့် နိုဝင်ဘာလ (၁၈)ရက်နေ့ ညနေပိုင်း၌ ကျောက်မဲမြို့မရဲတပ်ဖွဲ့ထံ သွားရောက်အပ်နှံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိထားသည့် မောင်အေးကို ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၅၉/ ၂၀၁၉ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net