တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မီးလောင်မှုဖြစ်ပွား

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မီးလောင်မှုဖြစ်ပွား
ဇူလိုင် 26, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရမ်း(၁)ကျေးရွာ၌ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ ညပိုင်း(၉)နာရီခွဲဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွား၍ အထပ်မြင့် နေအိမ်တန်းလျားတစ်ခု မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

အဆိုပါ အိမ်တန်းလျား မီးလောင်မှု ဖြစ်ပွားစဉ် ကျေးရွာအတွင်းမှ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်နေကြပြီး တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှလည်း သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုအကြောင်းရင်းကို သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ZZH


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~