တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ယာဉ်ရပ်နားခ ပိုမိုကောက်ခံပါက တိုင်ကြားနိုင်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ယာဉ်ရပ်နားခ ပိုမိုကောက်ခံပါက တိုင်ကြားနိုင်
နိုဝင်ဘာ 6, 2019
By Tachileik News Agency
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ယာဉ်ရပ်နားခ ပိုမိုကောက်ခံပါက တိုင်ကြားနိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၏ ၂၀၁၉ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကာလအတွင်း ယာဉ်ရပ်နားခကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက မီးပုံးပျံကွင်းအတွင်းရှိ ပြန်ကြားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ထံ လာရောက် အကြောင်းကြားနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ အဲဒီမှာ ပြန်ကြားရေးတို့ သက်ဆိုင်ရာကော်မတီတွေမှာ သွားတွဲဖို့ ရှိပါတယ်။ ကျွန်တော်တို့ အဲဒီ အခြေအနေကိုလည်း ကွင်းဆင်းကြည့်ပါမယ်။ စည်းကမ်းသတ်မှတ်ချက်ကတော့ စာချုပ်မှာ ပါပြီးသားပါ။ ဆပ်ကန်ထရိုက် မပေးရဘူး။ ဈေးနှုန်းသတ်မှတ်ချက်ပိုပြီး မကောက်ခံရဘူးဆိုတာ။ တင်ဒါ ခေါ်ကတည်းက ကိုယ်လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် မလုပ်နဲ့ဆိုတာ ပြောပြီးသား။ အကယ်၍ ပိုပြီးကောက်ခံတယ်လို့ အထောက်အထား ခိုင်ခိုင်လုံလုံတွေ့ရင် ကျွန်တော်တို့ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၆)ရက်နေ့တွင် ပြောသည်။
တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းအတွင်း ပွဲတော်အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှ နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ကျင်းပနခြေင်းဖြစ်ပြီး ပွဲတော်ကာလအတွင်း ယာဉ်ရပ်နားခကောက်ခံခြင်းကို ပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းတင်ဒါခေါ်ယူပြီး စည်းကမ်းသတ်မှတ်ချက်များဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။
အဝေရာကွင်းအတွင်း တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားစခန်းနေရာ (၃)ခု သတ်မှတ်ပေးထားပြီး သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံပါက ပွဲတော်ဝန်းအတွင်းရှိ ပြန်ကြားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များထံ လာရောက်သတင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

ဆက်စပ်သတင်းများ - 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net