ရှမ်းပြည်နယ်အတွင်းဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေး တိုးမြှင့်ရန် ပြည်နယ်အစိုးရ ကတ်ဘိနက် အစည်းအဝေးတွင် ဆွေးနွေးမည်

ရှမ်းပြည်နယ်အတွင်းဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေး တိုးမြှင့်ရန် ပြည်နယ်အစိုးရ ကတ်ဘိနက် အစည်းအဝေးတွင် ဆွေးနွေးမည်
ဇန်နဝါရီ 30, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်းဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေး တိုးမြှင့်ရန် ပြည်နယ်အစိုးရ ကတ်ဘိနက် အစည်းအဝေးတွင် ဆွေးနွေးမည်

တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံများနှင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်အတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ကူးစက်ခြင်း မရှိစေရန် နယ်စပ်ဝင်ပေါက်များတွင် ကျန်းမာရေးအဖွဲ့များဖြင့် စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြင်ဆင်နေကြောင်း သိရသည်။

“ ကျွန်တော်တို့ အတိုင်းအတာနဲ့ လုပ်နိုင်တာကို လုပ်နေပါတယ်။ ပြည်နယ်ကျန်းမာရေးမှူးကလည်း နယ်စပ်ဒေသတွေ အထူးသဖြင့်က မူဆယ်ပေါ့။ မူဆယ်က အဝင်အထွက်များတယ်။ အဲဒီဘက်တွေမှာ သူလည်း သွားပြီး ကြီးကြပ်ပေးနေပါတယ်။ မနက်ဖြန် ကတ်ဘိနက်အစည်းအဝေးမှာတော့ ဝူဟန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ထပ်ပြီးဘာတွေ လုပ်ပေးနိုင်မယ်ဆိုတာ သိရပါမယ်” 

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း မူဆယ်၊ နမ့်ခမ်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တာချီလိတ်တို့ရှိ တရုတ်၊ ထိုင်းနှင့် လာအိုနယ်စပ် ဝင်ထွက်ပေါက်များတွင် ဝူဟန်အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးမှုများအား ဇန်နဝါရီ လဆန်းပိုင်းမှစ၍ လုပ်ဆောင်နေကြခြင်းဖြစ်ပြီး မူဆယ်ရှိ နန်းတော်ဂိတ်နှင့် တာချီလိတ်ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတို့တွင် သာမိုမီတာဖြင့် စစ်ဆေးနေရာမှ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် Thermal Scanner များ တပ်ဆင်စစ်ဆေးခြင်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ရှမ်းပြည်နယ်တွင်း အထူးဒေသ (၄) မိုင်းလားနှင့် “ဝ”အထူးဒေသအတွင်းရှိ နယ်စပ် ဝင်ပေါက်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှုများ တင်းကျပ်ဆောင်ရွက် နေသည်ဟု သိရသည်။


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~