ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သားဖြစ်သူ ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုခံရမှုမှ လွတ်မြောက်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သားဖြစ်သူ ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုခံရမှုမှ လွတ်မြောက်
နိုဝင်ဘာ 25, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ သားဖြစ်သူကို ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုထားမှုတွင် ပြစ်မှုမထင်ရှားသဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ရုံးချိန်းတွင် ဆုံးဖြတ်လိုက်သည်။

ပထုန်တေးအုတ်ခ်ရှင်နာဝပ်ထရာအား စွဲဆိုထားသည့် ငွေကြေးခဝါချမှု၊ ငွေကြေးအလွှဲသုံးစားမှုများနှင့် ပတ်သက်၍ လုံလောက်သည့် သက်သေအထောက်အထား မရှိကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ပထုန်အား ခရပ်ထိုင်းဘဏ်မှ ချေးငွေရယူသည့်ကိစ္စတွင် ဘတ် (၁၀)သန်း ချက်လက်မှတ် လက်ခံရယူမှုနှင့်ပတ်သက်ပြီး ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်သည်ဟု တရားစွဲဆိုထားခြင်းဖြစ်သည်။

တရားရုံးကြားနာမှုအပြီးတွင် ပထုန်သည် ရှေ့နေများအား ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး သတင်းမီဒီယာများကို မည်သည့်မှတ်ချက်မှ ပြောကြားခြင်းမရှိဘဲ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သားဖြစ်သူ အသက် (၄၁)နှစ်အရွယ် ပထုန်ကို သက်ဆင်၏ နိုင်ငံရေးသြဇာကို ဆက်ခံမည့်သူဟု ခန့်မှန်းထားကြခြင်းဖြစ်သည်။

Tachileik News Agency
Ref; Khaosod English

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net