လာအိုနိုင်ငံကို ဗဟိုပြု၍ ရွှေတြိဂံဒေသတွင် တစ်နေ့တည်း ငလျင် အကြိမ်ရေ (၂၀)ကျော် လှုပ်ခတ်

လာအိုနိုင်ငံကို ဗဟိုပြု၍ ရွှေတြိဂံဒေသတွင် တစ်နေ့တည်း ငလျင် အကြိမ်ရေ (၂၀)ကျော် လှုပ်ခတ်
နိုဝင်ဘာ 21, 2019
By Tachileik News Agency
လာအိုနိုင်ငံကို ဗဟိုပြု၍ ရွှေတြိဂံဒေသတွင် တစ်နေ့တည်း ငလျင် အကြိမ်ရေ (၂၀)ကျော် လှုပ်ခတ်

လာအိုနိုင်ငံကို ဗဟိုပြု၍ ရွှေတြိဂံဒေသအတွင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်အစောပိုင်းက ငလျင်ပေါင်း အကြိမ်ရေ (၂၀)ကျော် လှုပ်ခတ်ခဲ့ပြီး လာအိုနှင့်နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်ဒေသတို့တွင် ငလျင်ဒဏ်ခံစားခဲ့ကြရသည်။

တာချီလိတ်ဘက်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် ဘန်ကောက်အထိ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး လာအိုနိုင်ငံနှင့် နီးစပ်သည့်ဒေသများတွင် အဆောက်အဦအချို့ မျက်နှာကျက်များ ကွာကျခြင်း၊ နံရံများ အက်ကြောင်းပေါ်ခြင်း၊ အဆောက်အဦ အမိုးများ ပြိုကျခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ်ရေ (၂၀)ကျော်တွင် အင်အား (၆.၄)မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခုလည်း ပါဝင်ကြောင်း ထိုင်းနိုင်ငံ ငလျင်သတင်းထုတ်ပြန်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လာအိုနိုင်ငံတွင်း ဗဟိုပြု၍လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ထိုင်းနိုင်ငံအတွင်း အပျက်အစီးများကို စာရင်းကောက်ယူနေဆဲဖြစ်ပြီး နှစ်ပေါင်း (၅၀၀) သက်တမ်းရှိသည့် တောင်ပေါ်စေတီတစ်ဆူမှာလည်း ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net