ကားသော့ မျိုချခဲ့မိသည့် ဆော်ဒီအမျိုးသား ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့

ကားသော့ မျိုချခဲ့မိသည့် ဆော်ဒီအမျိုးသား ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့
ဇူလိုင် 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဆော်ဒီအာရေဗီးယားနိုင်ငံတွင် ကားသော့ကို မတော်တဆ မျိုချခဲ့မိသည့် အမျိုးသားတစ်ဦးမှာ အရေးပေါ်  ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် (၄၉) နှစ်အရွယ် ဆော်ဒီအမျိုးသားက ၎င်း၏ကားသော့ကို မည်သို့ မျိုချခဲ့မိကြောင်း အတိအကျ မသိရသေးသော်လည်း ဆော်ဒီနိုင်ငံ ကမ်းရိုးတန်းမြို့ Al Qunfudah ရှိ ဆေးရုံတစ်ရုံမှ ဆရာဝန်နှင့် သူနာပြုများက ထိုအမျိုးသား၏ အသက်ရှူလမ်းကြောင်းအတွင်း ရောက်ရှိနေသည့် ကားသော့ကို ပြန်ထုတ်ပေးပြီး အသက်ကယ်တင်နိုင်ခဲ့ကြသည်။

Gulf News ၏ အဆိုအရ ထိုအမျိုးသားမှာ ဆေးရုံ အရေးပေါ်ခန်းသို့ ရောက်ရှိလာစဥ် အသက်ရှူကြပ်နေသည်ကို ဆေးရုံဝန်ထမ်းများက သတိပြုမိခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဓာတ်မှန်ရိုက်ကြည့်ရာ ၎င်း၏ အသက်ရှူလမ်းကြောင်းအတွင်း ကားသော့တစ်ချောင်းကို တွေ့ခဲ့ရပြီး ကားသော့ဖြင့် ဆော့ကစားနေရင်း မတော်တဆ မျိုချခဲ့မိခြင်းဖြစ်ကြောင်း လူနာက ဆရာဝန်များကို ပြောခဲ့သည်။ 

ဆရာဝန်များက ကားသော့ကို အသက်ရှူလမ်းကြောင်းအတွင်းမှ ပြန်ထုတ်ယူရန် အရေးပေါ် ပြင်ဆင်ခဲ့ကြရပြီး ထိုအမျိုးသားမှာ နှလုံးရောဂါသည် ဖြစ်နေခဲ့ရာ လုပ်ငန်းစဥ်တစ်ခုလုံးမှာ များစွာ ပိုမိုရှုပ်ထွေးခဲ့သည်ဟု ဆိုသည်။

ကံကောင်းထောက်မစွာပင် laparoscopic surgery ခေါ် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး လူနာ အမျိုးသားထံတွင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မရှိစေရေး သေချာစေရန် ရက်အနည်းငယ်ကြာ ဆေးရုံတက်စေခဲ့ပြီးနောက် ယခုအခါ ဆေးရုံဆင်းသွားပြီဖြစ်ပြီး ကားပြန်မောင်းနေဖွယ်ရှိသည်။

 

Source: Gulf News