ထိုင်းနိုင်ငံတွင် ၂၀၂၃ သင်္ကြန်ကာလအတွင်း ယာဥ်တိုက်မှု (၂,၀၀၀)ကျော် ဖြစ်ပွားပြီး လူ(၂၃၀)ကျော် သေဆုံး

ထိုင်းနိုင်ငံတွင် ၂၀၂၃ သင်္ကြန်ကာလအတွင်း ယာဥ်တိုက်မှု (၂,၀၀၀)ကျော် ဖြစ်ပွားပြီး လူ(၂၃၀)ကျော် သေဆုံး
By Mr John

ထိုင်းနိုင်ငံတွင် ဆွန်ခရမ်ပွဲတော် (ထိုင်းသင်္ကြန်) အားလပ်ရက်ကာလ ခရီးသွားရက်များ၏ ပထမ (၆) ရက်အတွင်း ယာဥ်တိုက်မှု (၂,၀၀၈)မှု ဖြစ်ပွားခဲ့ရာ လူပေါင်း(၂၃၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Chotenarin Kerdsom ၏ ပြောကြားမှုအရ  ၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု (၂,၀၀၈)မှု အနက် သေဆုံးသူမှာ (၂၃၆)ဦး ရှိသလို ဒဏ်ရာရရှိသူမှာလည်း (၂,၀၀၅)ဦးအထိ ရှိခဲ့၍ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် သင်္ကြန်ကာလထက် ယာဉ်တိုက်မှုများခဲ့ကြောင်း သိရသည်။

 

သင်္ကြန်ကာလအတွင်း ယာဥ်တိုက်မှုကြောင့် သေဆုံးသူများအဖြစ် ဘန်ကောက်တွင်  လူ (၂၀) ဦး ရှိခဲ့ပြီး ထိုင်းမြောက်ပိုင်း Nan ပြည်နယ်တွင် ယာဥ်တိုက်မှု (၆၂)မှုကြောင့် သေဆုံးသူများကြောင်းနှင့် ဒဏ်ရာရသူမှာလည်း (၆၃) ဦးရှိခဲ့ပြီး အများဆုံးဖြစ်သည်။ 

ဆွန်ခရမ်ပွဲတော် အားလပ်ရက်ကာလ ခရီးသွားရက်များ၏ (၆) ရက်မြောက်နေ့ဖြစ်သည့် ဧပြီလ (၁၆) ရက်နေ့တွင် ယာဥ်တိုက်မှု (၂၆၃)မှု ဖြစ်ပွားခဲ့ပြီး လူ (၃၆)ဦး သေဆုံးကာ (၂၆၈) ဦး ဒဏ်ရာရခဲ့သည်။



ယာဥ်တိုက်မှုများ၏ (၇၈) ရာခိုင်နှုန်းတွင် မော်တော်ဆိုင်ကယ် ယာဉ်တိုက်မှုများကြောင့်ဖြစ်သည်ဟု  Chotenarin က ပြောသည်။ 

၂၀၂၃ခုနှစ် ဧပြီလ (၁၁) ရက်မှ (၁၇) ရက်အထိ (၆) ရက်အတွင်း အရက်သောက်ပြီး ယာဥ်မောင်းနှင်မှု (၆,၇၀၅) မှု၊ ယာဥ်မောင်းများ မူးယစ်ဆေးဝါးသုံးစွဲထားမှု (၂၃၀)မှုနှင့် မဆင်မခြင် မောင်းနှင်မှု (၂၃)မှုရှိခဲ့ကြောင်း အကျဥ်းဦးစီးဌာန အထွေထွေညွှန်ကြားရေးမှူး Weerakit Hanpariphan က ပြောသည်။

ယာဥ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများတွင် အရှိန်လွန်မောင်းနှင်မှုကြောင့် (၃၉) ရာခိုင်နှုန်း၊ အရက်သောက်ထားပြီး မောင်းနှင်မှုကြောင့် (၂၄) ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ 



Source: Bangkok Post