မိုင်းဖြတ်မြို့တွင် တာချီလိတ်က ပြန်လာသည့် အမျိုးသားတစ်ဦး၌ Covid-19 ပိုးတွေ့

မိုင်းဖြတ်မြို့တွင် တာချီလိတ်က ပြန်လာသည့် အမျိုးသားတစ်ဦး၌ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့တွင် တာချီလိတ်က ပြန်လာသည့် အမျိုးသားတစ်ဦး၌ Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် တာချီလိတ်မှ ပြန်လာသည့်အမျိုးသားတစ်ဦး၌ COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့ ညနေပိုင်းက စစ်ဆေးတွေ့ရသည်။
အတည်ပြုလူနာသည် မိုင်းဖြတ်မြို့ နမ့်မလောက်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဒီဇင်ဘာလ (၂) ရက်နေ့ တစ်နေ့တည်းတွင် တာချီလိတ်၌ အတည်ပြုလူနာ (၅) ဦး၊ ကျိုင်းတုံမြို့တွင် (၁)ဦး၊ မိုင်းပျဉ်းတွင် (၁) ဦးနှင့် မိုင်းဖြတ်တွင် (၁) ဦးတွေ့ရှိရခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကုသမှုခံယူဆဲ အတည်ပြုလူနာများမှာ တာချီလိတ်တွင် (၅၅)ဦး၊ ကျိုင်းတုံတွင် (၂)ဦး၊ မိုင်းဖြတ်တွင် (၁)ဦး၊ မိုင်းပျဉ်းတွင် (၁)ဦးနှင့် မိုင်းတုံတွင် (၄)ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~