တာချီလိတ်ရှိ ဈေးများအားလုံးကို ပိတ်ထားသည့် ကာလအတွင်း လူစုလူဝေး မဖြစ်ရန်အတွက် ရှမ်းရိုးမကွင်းနှင့် ရှမ်းစာပေကွင်းတွင် ဈေးရောင်းချခြင်း မပြုလုပ်ရန် စည်ပင်မှ မေတ္တာရပ်ခံ

တာချီလိတ်ရှိ ဈေးများအားလုံးကို ပိတ်ထားသည့် ကာလအတွင်း လူစုလူဝေး မဖြစ်ရန်အတွက် ရှမ်းရိုးမကွင်းနှင့် ရှမ်းစာပေကွင်းတွင် ဈေးရောင်းချခြင်း မပြုလုပ်ရန် စည်ပင်မှ မေတ္တာရပ်ခံ
ဧပြီ 15, 2020
By Tachileik News Agency
တာချီလိတ်ရှိ ဈေးများအားလုံးကို ပိတ်ထားသည့် ကာလအတွင်း လူစုလူဝေး မဖြစ်ရန်အတွက် ရှမ်းရိုးမကွင်းနှင့် ရှမ်းစာပေကွင်းတွင်  ဈေးရောင်းချခြင်း မပြုလုပ်ရန် စည်ပင်မှ မေတ္တာရပ်ခံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့က စ၍ (၁၇)ရက်နေ့ အထိ ဈေးများအားလုံး ပိတ်ထားပြီဖြစ်သည့် အတွက် ရှမ်းရိုးမကွင်းနှင့်ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းတွင် ယာယီ ဈေးရောင်းချခွင့် ပြုမည်ဟု မှုလက သတ်မှတ်ထားရာမှ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရှမ်းရိုးမကွင်းနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းတို့တွင် ယာယီ ဈေးရောင်းချနိုင်မည့် အစီအစဉ်ကိုပါ ဖျက်သိမ်းထားလိုက်သည့် အတွက် ဈေးသည်များ ဈေးလာရောက် မရောင်းချကြရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက မေတ္တာရပ်ခံထားရှိသည်။

ယနေ့ ဧပြီလ(၁၅)ရက်နေ့ နံနက်အစောကပိုင်းက ရှမ်းရိုးမကွင်းအတွင်း ဟင်းသီးဟင်းရွက်ဈေးသည်များမှ လာရောက် ရောင်းချနေသည်များ ရှိသည့်အတွက် ဈေးပိတ်ထားသည့် ကာလအတွင်း လာရောက်ရောင်းချခြင်း မပြုလုပ်ရန် တာဝန်ရှိသူများက လိုက်လံအသိပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ဈေးများအားလုံးကို ပိတ်ထားလိုက်သည့်အတွက် ဈေးသည်များအနေဖြင့် မိမိတို့ အိမ်ရှေ့တွင်သာ ရောင်းချနိုင်မည်ဖြစ်ပြီး၊ ရောင်းချသည့် အခါမှာလည်း လူစု လူဝေး မဖြစ်ရန် နှင့် mask တပ်ကြရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက တိုက်တွန်းထားရှိသည်။

ဈေးများအားလုံး ပိတ်ထားမည့် ရက်ကို ဧပြီလ(၁၅)ရက်နေ့မှ ဧပြီလလ(၁၇)ရက်နေ့အထိ သတ်မှတ်ထားရာ ပိတ်ရက် ထပ်တိုးမည်ဆိုပါကလည်း အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~