တာချီလိတ်တွင် ဓနု တိုင်းရင်းသားမိသားစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဒီဇင်ဘာလ(၄)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ ရှမ်း(ရှေ့)မှ ဓနုတိုင်းရင်းသားများ ပါဝင်နိုင်ရန် ဖိတ်ခေါ်

တာချီလိတ်တွင် ဓနု တိုင်းရင်းသားမိသားစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဒီဇင်ဘာလ(၄)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ ရှမ်း(ရှေ့)မှ ဓနုတိုင်းရင်းသားများ ပါဝင်နိုင်ရန် ဖိတ်ခေါ်
နိုဝင်ဘာ 30, 2019
By Tachileik News Agency
တာချီလိတ်တွင် ဓနု တိုင်းရင်းသားမိသားစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဒီဇင်ဘာလ(၄)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ ရှမ်း(ရှေ့)မှ ဓနုတိုင်းရင်းသားများ ပါဝင်နိုင်ရန် ဖိတ်ခေါ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင်နေထိုင်သည့် ဓနုတိုင်းရင်းသားများ စုစည်းနိုင်စေရန်ရည်ရွယ်ပြီး ဓနုတိုင်းရင်းသား အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် တာချီလိတ်မြို့ အနောက်မြို့ပတ်လမ်းရှိ မင်္ဂလာဇေယျုံကျောင်းတိုက်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့ နေ့လယ်(၁) နာရီတွင် အစည်းအဝေး ကျင်းပမည်ဖြစ်၍ တာချီလိတ်နေ ဓနုတိုင်းရင်းသားများအနေဖြင့် လာရောက် ပါဝင်ရန် ဖိတ်ခေါ်ထားရှိသည်။

"ရှမ်းပြည်တောင်ပိုင်းမှာကျတော့ ဓနုတိုင်းရင်းသားတွေကများတယ်လေ။ ရပ်စောက်၊ အောင်ပန်း၊ ကလော၊ ပင်းတယပေါ့။ ကိုယ့်ဒေသဆိုတော့ လုပ်ရတာလွယ်တယ်။ ကျွန်တော်တို့ ရှမ်းရှေ့မှာရှိတဲ့ ဓနုတွေတိုင်ပင်ပြီးတော့ ဓနုယဉ်ကျေးမှုအဖွဲ့ လက်အောက်မှာ စည်းစည်းလုံးလုံးရှိဖို့ ဖွဲ့စည်းသွားမယ်။ ဖွဲ့စည်းပြီးရင် အဖွဲ့ချုပ်နဲ့ ဒေသအာဏာပိုင်တွေကို အကြောင်းကြားမှာပေါ့။ အဖွဲ့ချုပ်ရဲ့ လမ်းညွှန်မှုနဲ့ပဲသွားမှာပါ။ ရိုးရာအစားအစာတို့၊ ရိုးရာပွဲတော်တို့ လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်"ဟု ဓနုတိုင်းရင်းသားအဖွဲ့ ဖွဲ့စည်းနိုင်ရေး ပွဲစီစဉ်သူ ဦးစံသောင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဓနု တိုင်းရင်းသားမိသားစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးအစည်းအဝေးတွင် ဥက္ကဌ၊ အတွင်းရေးမှူးစသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များအား အဖွဲ့အစည်းစည်းမျဉ်းများ အတိုင်းဖွဲ့စည်းနိုင်ရေး ရွေးချယ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ တာလေမြို့နှင့် တာချီလိတ်ခရိုင်အတွင်းနေထိုင်ကြသည့် ဓနုတိုင်းရင်းသားများ တက်ရောက်နိုင်ရေး ဖိတ်ခေါ်ထားရှိပြီး ဖုန်း ၀၉၄၅၀၇၉၄၃၀၇ နှင့် ၀၉၇၇၈၃၀၄၁၀၁ သို့လည်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရှမ်းအရှေ့ ဓနုတိုင်းရင်းသား မိသားစု




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~