တာခ်ီလိတ္တြင္ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ေနသည့္ တပ္မေတာ္က ေနအိမ္တစ္လံုးမွ ဘိန္းျဖဴ၊ ဘိန္းစိမ္း၊ အိုက္စ္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ေနသည့္ တပ္မေတာ္က ေနအိမ္တစ္လံုးမွ ဘိန္းျဖဴ၊ ဘိန္းစိမ္း၊ အိုက္စ္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
ဇွန် 23, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ အာဒီးေက်းရြာရိွ ေနအိမ္တစ္လံုးတြင္ ဘိန္းျဖဴ၊ ဘိန္းစိမ္း၊ အိုက္စ္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ားကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၂)ရက္ေန႔ နံနက္(၉)နာရီခြဲက နယ္ေျမရွင္းလင္းေရးေဆာင္ရြက္စဥ္ သိမ္းဆည္းရမိသျဖင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးထားေၾကာင္း သိရသည္။

တပ္မေတာ္က နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ေနစဥ္ အာဒီးေက်းရြာရိွ ဦးလိတိ၏ေနအိမ္အား ဝင္ေရာက္ရွင္းလင္းရာ ၎အားေနအိမ္တြင္မေတြ႕ရွိဘဲ ေနအိမ္ျခံဝင္းအတြင္းရွိ ကားဂိုေထာင္တြင္ရပ္ထားေသာ ေမာ္ေတာ္ယာဥ္အတြင္းမွ ဖန္ပုလင္းမ်ားျဖင့္ထည့္ထားသည့္ ဘိန္းျဖဴအေလးခ်ိန္ (၂၅၂ ) ဂရမ္၊ အိုက္စ္ အေလးခ်ိန္ (၄၄၉) ဂရမ္၊ ဘိန္းစိမ္းအေလးခ်ိန္ (၁.၈) ကီလို၊ စိတ္ႂကြ႐ူးသြပ္ေဆး ျပား (၅၆၀၀) ျပားႏွင့္ စကားေျပာစက္ (၃) လံုးတို႔အား သိမ္းဆည္းရမိခဲ့သျဖင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးအပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္လွစ္ၿပီး တရားခံဖမ္းဆီးရမိေရး စံုစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု- CCDAC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်က နေအိမ်တစ်လုံးမှ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ အိုက်စ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဒီးကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ အိုက်စ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့ နံနက်(၉)နာရီခွဲက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် သိမ်းဆည်းရမိသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် အာဒီးကျေးရွာရှိ ဦးလိတိ၏နေအိမ်အား ဝင်ရောက်ရှင်းလင်းရာ ၎င်းအားနေအိမ်တွင်မတွေ့ရှိဘဲ နေအိမ်ခြံဝင်းအတွင်းရှိ ကားဂိုထောင်တွင်ရပ်ထားသော မော်တော်ယာဉ်အတွင်းမှ ဖန်ပုလင်းများဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် (၂၅၂ ) ဂရမ်၊ အိုက်စ် အလေးချိန် (၄၄၉) ဂရမ်၊ ဘိန်းစိမ်းအလေးချိန် (၁.၈) ကီလို၊ စိတ်ကြွရူးသွပ်ဆေး ပြား (၅၆၀၀) ပြားနှင့် စကားပြောစက် (၃) လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ- CCDAC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net