မိုင်းဆတ် - တာချီလိတ် ခရိုင်ချင်းဆက်လမ်းပြုပြင်ရန် ကျပ်သန်းပေါင်း (၃၄၀၀) ကျော် ခွင့်ပြုပေးထားပြီး သွားလာရအခက်ဆုံး (၅)မိုင်ခွဲကို ကွန်ကရစ်ခင်းမည်

မိုင်းဆတ် - တာချီလိတ် ခရိုင်ချင်းဆက်လမ်းပြုပြင်ရန် ကျပ်သန်းပေါင်း (၃၄၀၀) ကျော် ခွင့်ပြုပေးထားပြီး သွားလာရအခက်ဆုံး (၅)မိုင်ခွဲကို ကွန်ကရစ်ခင်းမည်
အောက်တိုဘာ 23, 2019
By 🌸
မိုင်းဆတ် - တာချီလိတ် ခရိုင်ချင်းဆက်လမ်းပြုပြင်ရန် ကျပ်သန်းပေါင်း (၃၄၀၀) ကျော် ခွင့်ပြုပေးထားပြီး သွားလာရအခက်ဆုံး (၅)မိုင်ခွဲကို ကွန်ကရစ်ခင်းမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်နှင့် တာချီလိတ် ခရိုင်ချင်းဆက်လမ်း ပြင်ဆင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း(၃၄၇၃ ဒဿမ ၅၇) ခွင့်ပြုပေးထားရာ သွားလာရအခက်ခဲဆုံး (၅)မိုင်ခွဲကို ကွန်ကရစ်လမ်းခင်းပြီး ကျန်လမ်းပိုင်းများကို ရာသီမရွေးသွားလာနိုင်ရန် ပြင်မည်ဟု သိရသည်။

“မိုးရာသီမှာ သွားလာခက်ခဲတဲ့လမ်းပိုင်း (၁၂) နေရာ (၈ ဒဿမ ၈၉၃) ကီလိုမီတာ မိုင်အားဖြင့် (၅)မိုင်ခွဲကို ကွန်ကရစ်ခင်းပြီး ကျန်တဲ့လမ်းပိုင်းတွေကို ခရီးသွားပြည်သူတွေ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်အောင် အထူးပြုပြင် ဆောင်ရွက်ပေးသွားမှာပါ” ဟု မိုင်းဆတ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာခိုင်က ပြောသည်။

၂၀၁၉ -၂၀၂ဝ ဘဏ္ဍာနှစ်တွင် မိုင်းဆတ် - တာချီလိတ်လမ်းအတွက် ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်း(၁၆၄၈) နှင့် ပြည်နယ်ရန်ပုံငွေ ကျပ်သန်း (၁၈၂၅ ဒဿမ ၅၇) စုစုပေါင်း ကျပ်သန်း (၃၄၇၃ ဒဿမ ၅၇) ကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။

“မိုင်းဆတ်-တာချီလိတ်ကားလမ်းကို လမ်းဦးစီးဌာနက တာဝန်ယူပြီးနောက် အရင်လောက်သွားလာရ မဆိုး ဘူးဆိုပေမဲ့ မိုးရွာရင် လမ်းကချော်ပြီး အချို့နေရာတွေမှာ ချိုင့်ခွက်တွေက ရှောင်လို့ကို မလွတ်ဘူး။ တစ်လှိမ့်ချင်း မောင်းနေရလို့ မိုင် (၆၀) ကျော်ရုံလေးရှိတဲ့လမ်းကို (၅) နာရီခွဲလောက် မောင်းနေရတယ်။ အခုလို မိုးရာသီမှာ သွားလာရခက်ခဲတဲ့လမ်းပိုင်းတွေကို ကွန်ကရစ်ခင်းပေးပြီး ရာသီမရွေးသွားလာနိုင်အောင် ပြုပြင်ပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ အမြန်ဆုံးပြုပေးပါလို့လည်း တောင်းဆိုပါတယ်”ဟု  တာချီလိတ် - မိုင်းဆတ်လမ်း ပြေးဆွဲမေင်းနှင်နေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါလမ်းကို "ဝ"အထူးဒေသ(၂)မှ ၁၉၉၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့ကာ လမ်းအသုံးပြုခ ကောက်ခံနေခဲ့ခြင်းဖြစ်ပြီး လမ်းမှာဆိုးရွားစွာပျက်စီးလာသဖြင့် ဒေသခံများက အမြန်ဆုံးပြင်ပေးရန် လိုလားလျှက်ရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် "ဝ"အထူးဒေသ(၂)က ဒေသခံပြည်သူများအတွက် လက်ဆောင်အဖြစ် နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မိုင္းဆတ္ - တာခ်ီလိတ္ ခရိုင္ခ်င္းဆက္လမ္းျပဳျပင္ရန္ က်ပ္သန္းေပါင္း (၃၄၀၀) ေက်ာ္ ခြင့္ျပဳေပးထားၿပီး သြားလာရအခက္ဆံုး (၅)မုိင္ခြဲကို ကြန္ကရစ္ခင္းမည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းဆတ္ႏွင့္ တာခ်ီလိတ္ ခ႐ိုင္ခ်င္းဆက္လမ္း ျပင္ဆင္ေရးအတြက္ ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္တြင္ ျပည္ေထာင္စုႏွင့္ ျပည္နယ္ရန္ပံုေငြ စုစုေပါင္း က်ပ္သန္း(၃၄၇၃ ဒႆမ ၅၇) ခြင့္ျပဳေပးထားရာ သြားလာရအခက္ခဲဆံုး (၅)မိုင္ခြဲကို ကြန္ကရစ္လမ္းခင္းၿပီး က်န္လမ္းပိုင္းမ်ားကို ရာသီမေရြးသြားလာႏုိင္ရန္ ျပင္မည္ဟု သိရသည္။

“မိုးရာသီမွာ သြားလာခက္ခဲတဲ့လမ္းပိုင္း (၁၂) ေနရာ (၈ ဒႆမ ၈၉၃) ကီလိုမီတာ မိုင္အားျဖင့္ (၅)မိုင္ခြဲကို ကြန္ကရစ္ခင္းၿပီး က်န္တဲ့လမ္းပိုင္းေတြကို ခရီးသြားျပည္သူေတြ ရာသီမေ႐ြး အဆင္ေျပစြာ သြားလာႏိုင္ေအာင္ အထူးျပဳျပင္ ေဆာင္႐ြက္ေပးသြားမွာပါ” ဟု မိုင္းဆတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ ဦးစီးအရာရွိ ေဒၚသူဇာခိုင္က ေျပာသည္။

၂၀၁၉ -၂၀၂ဝ ဘ႑ာႏွစ္တြင္ မိုင္းဆတ္ - တာခ်ီလိတ္လမ္းအတြက္ ျပည္ေထာင္စု ရန္ပုံေငြ က်ပ္သန္း(၁၆၄၈) ႏွင့္ ျပည္နယ္ရန္ပုံေငြ က်ပ္သန္း (၁၈၂၅ ဒႆမ ၅၇) စုစုေပါင္း က်ပ္သန္း (၃၄၇၃ ဒႆမ ၅၇) ကို ခြင့္ျပဳေပးထားျခင္းျဖစ္သည္။

“မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းကို လမ္းဦးစီးဌာနက တာဝန္ယူၿပီးေနာက္ အရင္ေလာက္သြားလာရ မဆိုး ဘူးဆိုေပမဲ့ မိုး႐ြာရင္ လမ္းကေခ်ာ္ၿပီး အခ်ိဳ႕ေနရာေတြမွာ ခ်ိဳင့္ခြက္ေတြက ေရွာင္လို႔ကို မလြတ္ဘူး။ တစ္လွိမ့္ခ်င္း ေမာင္းေနရလို႔ မိုင္ (၆၀) ေက်ာ္႐ုံေလးရွိတဲ့လမ္းကို (၅) နာရီခြဲေလာက္ ေမာင္းေနရတယ္။ အခုလို မိုးရာသီမွာ သြားလာရခက္ခဲတဲ့လမ္းပိုင္းေတြကို ကြန္ကရစ္ခင္းေပးၿပီး ရာသီမေ႐ြးသြားလာႏိုင္ေအာင္ ျပဳျပင္ေပးမယ္ဆိုေတာ့ ဝမ္းသာတာေပါ့ဗ်ာ။ အျမန္ဆုံးျပဳေပးပါလို႔လည္း ေတာင္းဆိုပါတယ္”ဟု  တာခ်ီလိတ္ - မုိင္းဆတ္လမ္း ေျပးဆြဲေမင္းႏွင္ေနသည့္ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

အဆိုပါလမ္းကို "၀"အထူးေဒသ(၂)မွ ၁၉၉၈ ခုႏွစ္တြင္ ေဖာက္လုပ္ခဲ့ကာ လမ္းအသံုးျပဳခ ေကာက္ခံေနခဲ့ျခင္းျဖစ္ၿပီး လမ္းမွာဆိုးရြားစြာပ်က္စီးလာသျဖင့္ ေဒသခံမ်ားက အျမန္ဆံုးျပင္ေပးရန္ လိုလားလွ်က္ရိွရာ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၃၀)ရက္ေန႔တြင္ "၀"အထူးေဒသ(၂)က ေဒသခံျပည္သူမ်ားအတြက္ လက္ေဆာင္အျဖစ္ ႏိုင္ငံေတာ္သို႔ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net