မိုင်းဖြတ်မြို့နယ် ဝမ်နောင်ကျေးရွာလယ်ကွင်းတွင် အမျိုးသားနှစ်ဦး ရန်ဖြစ်ရာ တစ်ဦးမှာ ဓားဒဏ်ရာ (၁၁)ချက်ဖြင့် သေဆုံး

မိုင်းဖြတ်မြို့နယ် ဝမ်နောင်ကျေးရွာလယ်ကွင်းတွင် အမျိုးသားနှစ်ဦး ရန်ဖြစ်ရာ တစ်ဦးမှာ ဓားဒဏ်ရာ (၁၁)ချက်ဖြင့် သေဆုံး
ဒီဇင်ဘာ 3, 2020
By Tachileik News Agency

မိုင်းဖြတ်မြို့နယ် ဝမ်နောင်ကျေးရွာလယ်ကွင်းတွင် အမျိုးသားနှစ်ဦး ရန်ဖြစ်ရာ တစ်ဦးမှာ ဓားဒဏ်ရာ (၁၁)ချက်ဖြင့် သေဆုံး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာရှိ လယ်ကွင်းတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်တွင် အမျိုးသားနှစ်ဦးရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးမှာ  ဓားဒဏ်ရာ (၁၁)ချက်ဖြင့် သေဆုံးသွားကြောင်း သိရသည်။
ဝမ်နောင်ကျေးရွာရှိ လယ်ကွင်းအတွင်း ကောက်ရိုးချည်နေသည့် အိုက်ရီနှင့် ဆန်းလွင်(ခ)အငယ်လေးတို့ ရန်ဖြစ်နေသည်ကို အိုက်ရီ၏ဖခင်က အိမ်နီးချင်းတစ်ဦးထံမှ သိရသဖြင့် လယ်ကွင်းသို့ လိုက်သွားရာ သားဖြစ်သူ အိုက်ရီမှာ ဓားဒဏ်ရာ (၁၁) ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားရာ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီး အလောင်းကို သင်္ဂဟလူမှုကူညီရေးအသင်းက သယ်ဆောင်၍ မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆန်းလွင်(ခ)အငယ်လေးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း- ကိုသာ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~