တာချီလိတ် မဟာမြတ်မုနိဘုန်းကြီးကျောင်းဘေးမှ ပန်းအရောင်းဆိုင်များကို (၅) ရက်တာ ဖယ်ရှားမည်

တာချီလိတ် မဟာမြတ်မုနိဘုန်းကြီးကျောင်းဘေးမှ ပန်းအရောင်းဆိုင်များကို (၅) ရက်တာ ဖယ်ရှားမည်
အောက်တိုဘာ 22, 2019
By 🌸
တာချီလိတ် မဟာမြတ်မုနိဘုန်းကြီးကျောင်းဘေးမှ ပန်းအရောင်းဆိုင်များကို (၅) ရက်တာ ဖယ်ရှားမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကာလအတွင်း ယာဉ်ကြောရှင်းလင်းရေးအတွက် ကျောင်းတိုက်ဘေးမှ ပန်းအရောင်းဆိုင်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့မှစ၍ (၅) ရက်တာ ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆရာတော်ဘုရားကြီးရဲ့ ဈာပနပွဲမှာ ယာဉ်ကြောရှင်းလင်းဖို့အတွက် ကျောင်းတိုက်ဘေးက ပန်းဆိုင်တွေကို ဖယ်ရှားပေးဖို့ ဘုန်းဘုန်းအနေနဲ့ မေတ္တာရပ်ခံပါတယ်။ ဌာနဆိုင်ရာတွေအနေနဲ့ ဒီရက်ပိုင်းတွေမှာ ဖယ်ရှားပေးဖို့ပေါ့။ ဈေးဝယ်လာတဲ့ကားတွေနဲ့ဆိုတော့ ယာဉ်ကြောပိတ်မှုတွေဖြစ်နေတာ"ဟု ဝစီပိတ်ဆရာတော်က အောက်တိုဘာ (၂၂) ရက်နေ့ ညနေပိုင်းက မိန့်ကြားသည်။

မဟာမြတ်မုနိကျောင်းတိုက်ဘေးတွင် ရောင်းချနေသည့် ပန်းဆိုင်များမှာ လမ်းဘေးဝဲယာနှစ်ဖက်လုံးတွင်  ခင်းကျင်းရောင်းချနေသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်သဖြင့် အောက်တိုဘာ (၂၅) ရက်နေ့မှ အောက်တိုဘာ (၃၀) ရက်နေ့အထိ ဘုန်းကြီးကျောင်းဘေး လမ်းမတွင် ရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအား တာချီလိတ်မြို့မ သုသာန်သစ်(ပုံလို့)တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ပြုလုပ်မည်ဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ မဟာျမတ္မုနိဘုန္းႀကီးေက်ာင္းေဘးမွ ပန္းအေရာင္းဆိုင္မ်ားကို (၅) ရက္တာ ဖယ္ရွားမည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကာလအတြင္း ယာဥ္ေၾကာရွင္းလင္းေရးအတြက္ ေက်ာင္းတိုက္ေဘးမွ ပန္းအေရာင္းဆိုင္မ်ားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔မွစ၍ (၅) ရက္တာ ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဆရာေတာ္ဘုရားႀကီးရဲ႕ စ်ာပနပြဲမွာ ယာဥ္ေၾကာရွင္းလင္းဖို႔အတြက္ ေက်ာင္းတိုက္ေဘးက ပန္းဆိုင္ေတြကို ဖယ္ရွားေပးဖို႔ ဘုန္းဘုန္းအေနနဲ႔ ေမတၱာရပ္ခံပါတယ္။ ဌာနဆိုင္ရာေတြအေနနဲ႔ ဒီရက္ပိုင္းေတြမွာ ဖယ္ရွားေပးဖို႔ေပါ့။ ေစ်းဝယ္လာတဲ့ကားေတြနဲ႔ဆိုေတာ့ ယာဥ္ေၾကာပိတ္မႈေတြျဖစ္ေနတာ"ဟု ဝစီပိတ္ဆရာေတာ္က ေအာက္တိုဘာ (၂၂) ရက္ေန႔ ညေနပိုင္းက မိန္႔ၾကားသည္။

မဟာျမတ္မုနိေက်ာင္းတိုက္ေဘးတြင္ ေရာင္းခ်ေနသည့္ ပန္းဆိုင္မ်ားမွာ လမ္းေဘးဝဲယာႏွစ္ဖက္လံုးတြင္  ခင္းက်င္းေရာင္းခ်ေနသည့္အတြက္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားျဖစ္ေပၚသျဖင့္ ေအာက္တိုဘာ (၂၅) ရက္ေန႔မွ ေအာက္တိုဘာ (၃၀) ရက္ေန႔အထိ ဘုန္းႀကီးေက်ာင္းေဘး လမ္းမတြင္ ေရာင္းခ်ခြင့္ျပဳမည္မဟုတ္ေၾကာင္း သိရသည္။

မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္၏ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕မ သုသာန္သစ္(ပံုလို႔)တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔၌ ျပဳလုပ္မည္ျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net