တာချီလိတ်မြို့တွင် မီးခိုးမြူဖုံးလွှမ်းနေမှု မတ်လ(၁၁)ရက်နေ့ နံနက်(၁၁)နာရီခွဲ အခြေအနေ

မတ် 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် မီးခိုးမြူဖုံးလွှမ်းနေမှု မတ်လ(၁၁)ရက်နေ့ နံနက်(၁၁)နာရီခွဲ အခြေအနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်တွင် တောင်ယာတောမီးရှို့မှုများကြောင့် မီးခိုးမြူများမှာ ၂၀၂၀ခုနှစ် မတ်လ (၁၀)ရက်နေ့က စတင်ဝင်ရောက် ဖုံးလွှမ်းနေရာမှ မတ်လ(၁၁)ရက်နေ့ နံနက်(၁၁)နာရီခွဲအချိန်တွင် မီးခိုးမြူများ သိသိသာသာ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

နွေအကြို ကာလက စ၍ တောင်ယာတောမီးရှို့မှုများ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း တောမီးများကြောင့် နယ်စပ်မြို့ဖြစ်သည့် တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် တောမီးခိုးမြူများ ဖုံးလွှမ်းလေရှိပြီး မီးခိုးမြူများကြောင့် မျက်စိစပ်ခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်သည့်အတွက် နှာခေါင်းဖုံး (MASK)များ တပ်ဆင်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် နှစ်စဉ် နွေကြိုကာလက စ၍ သင်္ကြန်အလွန်အထိ တောမီးခိုးမြူများ ဖုံးလွှမ်းလေ့ရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~