တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ရုပ်ကလာပ်အား မြို့မသုသာန်သစ်သို့ ပင့်ဆောင်ကာ အန္တိမအဂ္ဂိဈာပနကျင်းပရန် ပြင်ဆင်နေ

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ရုပ်ကလာပ်အား မြို့မသုသာန်သစ်သို့ ပင့်ဆောင်ကာ အန္တိမအဂ္ဂိဈာပနကျင်းပရန် ပြင်ဆင်နေ
အောက်တိုဘာ 30, 2019
By Tachileik News Agency
တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ရုပ်ကလာပ်အား မြို့မသုသာန်သစ်သို့ ပင့်ဆောင်ကာ 
အန္တိမအဂ္ဂိဈာပနကျင်းပရန် ပြင်ဆင်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် ပုံလို့ရှိ မြို့မသုသာန်သစ်သို့ ဆရာတော်၏ ရုပ်ကလာပ်ကို ပင့်ဆောင်ရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့၌ ပြင်ဆင်နကြပြေီဖြစ်သည်။

ဆရာတော်၏ရုပ်ကလာပ်ကို ကရဝိတ်ဖောင်ဖြင့်တင်ဆောင်ပြီး မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှ ပုံလို့ရှိ မြို့မသုသာန်သစ်သို့ လမ်းလျှောက်ပင့်ဆောင်ကြမည်ဖြစ်သည်။

ဆရာတော်၏ရုပ်ကလာပ်ကို မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှ နေ့လယ် (၁၂)နာရီအချိန်တွင် စတင်ပင့်ဆောင်မည်ဖြစ်ပြီး ပုံလို့ရှိ မြို့မသုသာန်တွင် ညနေ (၆)နာရီ၌ ဈာပနအခမ်းအနားကျင်းပမည်ဖြစ်သည်။

သုသာန်သို့သွားရာ တောင်တက်လမ်းတစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် တောင်ခြေတွင် မော်တော်ယာဉ် ရပ်နားကွင်း စီစဉ်ပေးထားကာ တောင်ပေါ်သို့ ကြို၊ ပို့ယာဉ်များဖြင့်သာ တက်ရောက်ရမည်ဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့၊ ည(၉)နာရီ (၁၅)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော်(၈၄)နှစ်၊ ဝါတော် (၆၁)ဝါ ရှိပြီဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိကို တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာတွင် ၁၉၃၆ ခုနှစ်၌ ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး ငယ်နာမည်မှာ စိုင်းဖတ်ဖြစ်သည်။

စိုင်းဖတ်သည် အသက်(၁၁)နှစ်အရွယ်တွင် ယန်းခမ်းကျောင်းဆရာတော် အရှင်သောဘိတမထေရ်ထံ ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင် စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ စတင်ဖွင့်လှစ်သည့် ဓမ္မောဒယပရိယတ္တိစာသင်တိုက်၏ စာချအဖွဲ့ခေါင်းဆောင်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်ရင်း ၁၉၇၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ ရဟန်းသက် (၁၈) ဝါ၌ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းအပ်နှံခံရခြင်းဖြစ်သည်။

ဆရာတော်အား ၁၉၇၈ ခုနှစ်တွင် သျှမ်းဂိုဏ်း ယွန်းဂိုဏ်းသံဃာတော်များနှင့် ဒကာဒကာမများက ယွန်းဂိုဏ်းသံဃာ၏ တတိယအဆင့်ဖြစ်သည့် ဆွာတိဘွဲ့တော်၊ ၁၉၉၆ ခုနှစ်တွင် သံဃသမဂ္ဂ သျှမ်းဂိုဏ်းသံဃာအဖွဲ့က နာယကဂိုဏ်းချုပ်ဘွဲ့၊ ၂၀၀၄ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မြို့နယ်သံဃာ့နာယက(ရွှေကျင်)အဖြစ်နှင့် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တို့ကို ဆက်ကပ်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်က ထုတ်ဝေထားသည့် သာသနာ့ရောင်ခြည် ဂုဏ်ပြုမှတ်တမ်းတွင် ဖော်ပြထားသည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီး ရုပ္ကလာပ္အား ၿမိဳ႕မသုသာန္သစ္သို႔ ပင့္ေဆာင္ကာ 
အႏၱိမအဂၢိစ်ာပနက်င္းပရန္ ျပင္ဆင္ေန

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနက်င္းပမည့္ ပံုလို႔ရိွ ၿမိဳ႕မသုသာန္သစ္သို႔ ဆရာေတာ္၏ ရုပ္ကလာပ္ကို ပင့္ေဆာင္ရန္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၀) ရက္ေန႔၌ ျပင္ဆင္ေနၾကၿပီျဖစ္သည္။

ဆရာေတာ္၏ရုပ္ကလာပ္ကို ကရဝိတ္ေဖာင္ျဖင့္တင္ေဆာင္ၿပီး မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္မွ ပံုလို႔ရိွ ၿမိဳ႕မသုသာန္သစ္သို႔ လမ္းေလွ်ာက္ပင့္ေဆာင္ၾကမည္ျဖစ္သည္။

ဆရာေတာ္၏ရုပ္ကလာပ္ကို မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္မွ ေန႔လယ္ (၁၂)နာရီအခ်ိန္တြင္ စတင္ပင့္ေဆာင္မည္ျဖစ္ၿပီး ပံုလို႔ရိွ ၿမိဳ႕မသုသာန္တြင္ ညေန (၆)နာရီ၌ စ်ာပနအခမ္းအနားက်င္းပမည္ျဖစ္သည္။

သုသာန္သို႔သြားရာ ေတာင္တက္လမ္းတစ္ေလွ်ာက္တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမျဖစ္ေစရန္ ေတာင္ေျခတြင္ ေမာ္ေတာ္ယာဥ္ ရပ္နားကြင္း စီစဥ္ေပးထားကာ ေတာင္ေပၚသို႔ ႀကိဳ၊ ပို႔ယာဥ္မ်ားျဖင့္သာ တက္ေရာက္ရမည္ျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔၊ ည(၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ၿပီး ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္(၈၄)ႏွစ္၊ ဝါေတာ္ (၆၁)ဝါ ရွိၿပီျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိကို တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စု၊ ဆီလီေငါ့ေက်းရြာတြင္ ၁၉၃၆ ခုႏွစ္၌ ဖြားျမင္ခဲ့ျခင္းျဖစ္ၿပီး ငယ္နာမည္မွာ စိုင္းဖတ္ျဖစ္သည္။

စိုင္းဖတ္သည္ အသက္(၁၁)ႏွစ္အရြယ္တြင္ ယန္းခမ္းေက်ာင္းဆရာေတာ္ အရွင္ေသာဘိတမေထရ္ထံ ရွင္သာမေဏအျဖစ္ျဖင့္ သာသနာ့ေဘာင္ စတင္ဝင္ေရာက္ခဲ့ၿပီး ၁၉၆၈ ခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၌ စတင္ဖြင့္လွစ္သည့္ ဓေမၼာဒယပရိယတၱိစာသင္တုိက္၏ စာခ်အဖြဲ႕ေခါင္းေဆာင္အျဖစ္ သာသနာ့တာဝန္ထမ္းေဆာင္ရင္း ၁၉၇၈ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔ ရဟန္းသက္ (၁၈) ဝါ၌ ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ ေက်ာင္းအပ္ႏွံခံရျခင္းျဖစ္သည္။

ဆရာေတာ္အား ၁၉၇၈ ခုႏွစ္တြင္ သွ်မ္းဂိုဏ္း ယြန္းဂိုဏ္းသံဃာေတာ္မ်ားႏွင့္ ဒကာဒကာမမ်ားက ယြန္းဂိုဏ္းသံဃာ၏ တတိယအဆင့္ျဖစ္သည့္ ဆြာတိဘြဲ႕ေတာ္၊ ၁၉၉၆ ခုႏွစ္တြင္ သံဃသမဂၢ သွ်မ္းဂိုဏ္းသံဃာအဖြဲ႕က နာယကဂိုဏ္းခ်ုပ္ဘြဲ႔၊ ၂၀၀၄ ခုႏွစ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ ၿမိဳ႕နယ္သံဃာ့နာယက(ေရႊက်င္)အျဖစ္ႏွင့္ ႏိုင္ငံေတာ္အစိုးရ သာသနာေရးဝန္ႀကီးဌာနက အဂၢမဟာသဒၶမၼေဇာတိကဓဇဘြဲ႕တို႔ကို ဆက္ကပ္ခဲ့ေၾကာင္း ၂၀၀၄ ခုႏွစ္က ထုတ္ေဝထားသည့္ သာသနာ့ေရာင္ျခည္ ဂုဏ္ျပဳမွတ္တမ္းတြင္ ေဖၚျပထားသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net