တာခ်ီလိတ္ၿမို႕ေပၚရပ္ကြက္မ်ားအတြင္း အမိႈက္ပံုးျဖန္႔ေ၀သည့္အစီအစဥ္ ဇြန္လေနာက္ဆံုးပတ္တြင္ စတင္မည္

တာခ်ီလိတ္ၿမို႕ေပၚရပ္ကြက္မ်ားအတြင္း အမိႈက္ပံုးျဖန္႔ေ၀သည့္အစီအစဥ္ ဇြန္လေနာက္ဆံုးပတ္တြင္ စတင္မည္
ဇွန် 21, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ အပတ္စဥ္စေနေန႔တိုင္း စုေပါင္းအမိႈက္ေကာက္သည့္ ဒုတိယ (၃) လပတ္ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လတြင္ ၿမိဳ႕ေပၚရပ္ကြက္မ်ား၌ အမိႈက္ပံုးမ်ား ျဖန္႔ေဝသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေနာက္တစ္ပတ္ထဲ လုပ္သြားမွာဗ်။ တစ္ရပ္ကြက္ကို အမိႈက္ပံုး (၂၀) ျဖန္႔သြားဖို႔ စီစဥ္ထားတယ္။ ၿမိဳ႕ေပၚရပ္ကြက္အကုန္လံုးေပါ့"ဟု တာခ်ီလိတ္ၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမိႈက္ပံုးမ်ားကို လူစည္ကားရာလမ္းဆံုလမ္းခြမ်ားတြင္ ခ်ထားေပးရန္စီစဥ္ေဆာင္ရြက္ထားၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားက မိမိတို႔ရပ္ကြက္အလုိက္ အမိႈက္ပံုးထားရိွရန္ လိုအပ္သည့္ေနရာမ်ား တင္ျပထားကာ အမိႈက္ပံုးမ်ား ဖ်က္ဆီးခံရမႈမရိွေစရန္လည္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ရပ္ကြက္ေတြထဲအမိႈက္ပံုးခ်ေပးတယ္ဆိုတာ အိမ္ကထြက္တဲ့အမိႈက္ေတြလာပစ္ဖို႔မဟုတ္ဘူး။ လမ္းသြားရင္း အမိႈက္ပစ္ဖို႔ေပါ့။ ဥပမာ ေျပာင္းဖူးစားတယ္။ ေနၾကာေစ့စားတယ္ဆိုရင္ လမ္းေဘးမွာ ဒီတိုင္းမပစ္ပဲ အမိႈက္ပံုးထဲပစ္ဖို႔ေပါ့။ အိမ္ကထြက္တဲ့အမိႈက္က အမိႈက္ကားလာမွ စနစ္တက်ထုတ္ၿပီးပစ္ရမွာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ သန္႔ရွင္းသာယာေရးအတြက္ အပတ္စဥ္အမိႈက္ေကာက္သည့္အစီအစဥ္ကို ၂၀၁၉ ခုနွစ္ မတ္လ (၉) ရက္ေန႔မွစတင္ခဲ့ၿပီး ပထမ (၃) လပတ္ကို ပညာေပးကာလသတ္မွတ္ေဆာင္ရြက္ျခင္း ၿပီးဆံုးသြားၿပီျဖစ္၍ ဒုတိယ(၃)လပတ္တြင္ အမိႈက္ပံုးျဖန္႔ေ၀ေပးျခင္း၊ စည္းကမ္းမဲ့အမိႈက္စြ႔န္ပစ္သူမ်ားကို ဒဏ္ေငြေပးေဆာင္ေစျခင္းတုိ႔ကို ဆက္လက္လုပ္ေဆာင္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း အမှိုက်ပုံးဖြန့်ဝေသည့်အစီအစဉ် ဇွန်လနောက်ဆုံးပတ်တွင် စတင်မည်
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်သည့် ဒုတိယ (၃) လပတ်ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် မြို့ပေါ်ရပ်ကွက်များ၌ အမှိုက်ပုံးများ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

"နောက်တစ်ပတ်ထဲ လုပ်သွားမှာဗျ။ တစ်ရပ်ကွက်ကို အမှိုက်ပုံး (၂၀) ဖြန့်သွားဖို့ စီစဉ်ထားတယ်။ မြို့ပေါ်ရပ်ကွက်အကုန်လုံးပေါ့"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှိုက်ပုံးများကို လူစည်ကားရာလမ်းဆုံလမ်းခွများတွင် ချထားပေးရန်စီစဉ်ဆောင်ရွက်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်အလိုက် အမှိုက်ပုံးထားရှိရန် လိုအပ်သည့်နေရာများ တင်ပြထားကာ အမှိုက်ပုံးများ ဖျက်ဆီးခံရမှုမရှိစေရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်တွေထဲအမှိုက်ပုံးချပေးတယ်ဆိုတာ အိမ်ကထွက်တဲ့အမှိုက်တွေလာပစ်ဖို့မဟုတ်ဘူး။ လမ်းသွားရင်း အမှိုက်ပစ်ဖို့ပေါ့။ ဥပမာ ပြောင်းဖူးစားတယ်။ နေကြာစေ့စားတယ်ဆိုရင် လမ်းဘေးမှာ ဒီတိုင်းမပစ်ပဲ အမှိုက်ပုံးထဲပစ်ဖို့ပေါ့။ အိမ်ကထွက်တဲ့အမှိုက်က အမှိုက်ကားလာမှ စနစ်တကျထုတ်ပြီးပစ်ရမှာပေါ့"ဟု တာချီလိတ်မြို့စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက ပြောသည်။

တာချီလိတ်မြို့ သန့်ရှင်းသာယာရေးအတွက် အပတ်စဉ်အမှိုက်ကောက်သည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ် မတ်လ (၉) ရက်နေ့မှစတင်ခဲ့ပြီး ပထမ (၃) လပတ်ကို ပညာပေးကာလသတ်မှတ်ဆောင်ရွက်ခြင်း ပြီးဆုံးသွားပြီဖြစ်၍ ဒုတိယ(၃)လပတ်တွင် အမှိုက်ပုံးဖြန့်ဝေပေးခြင်း၊ စည်းကမ်းမဲ့အမှိုက်စွ့န်ပစ်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net