မကွေးတိုင်းတွင် လူပေါင်း ၂၀၀၀ အလုပ်အကိုင်ရရှိရေး စီမံချက် အမေရိကန်ဒေါ်လာတစ်သန်းသုံးစွဲမည်

မကွေးတိုင်းတွင် လူပေါင်း ၂၀၀၀ အလုပ်အကိုင်ရရှိရေး စီမံချက် အမေရိကန်ဒေါ်လာတစ်သန်းသုံးစွဲမည်
ဒီဇင်ဘာ 17, 2019
By 🌸

မကွေးတိုင်းတွင် လူပေါင်း ၂၀၀၀ အလုပ်အကိုင်ရရှိရေး စီမံချက် အမေရိကန်ဒေါ်လာတစ်သန်းသုံးစွဲမည်

မကွေးတိုင်းဒေသကြီးတွင် ကျောင်းပြင်ပရောက်နေသူများနှင့် မသန်စွမ်းသူများအပါအဝင် လူငယ်(၂၀၀၀)ကို အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးပြီး အလုပ်အကိုင်ရရှိရေးအတွက် (၄)နှစ်စီမံချက်ကို အမေရိကန်ဒေါ်လာ (၁)သန်းသုံးစွဲ ဆောင်ရွက်နေကြောင်း သိရသည်။

“(၄) နှစ်စီမံကိန်းကာလအတွင်းမှာ  လူငယ် (၂၀၀၀) ကို သက်မွေးပညာတွေ သင်ပေးမယ်။ ပြီးရင် အနည်းဆုံး လုပ်ခလစာထက်မနည်းတဲ့ လုပ်အားခတွေရတဲ့အထိ ဒေသအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခု (၂) နှစ်တာကာလအတွင်း သင်တန်းသား (၉၅၀) သင်ပြီးတဲ့အထဲမှာ (၉၀) ရာခိုင်နှုန်းလောက်က အလုပ်ရနေပါပြီ ” ဟု မကွေးတိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းသို့ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အလှူရှင် HELVETAS အဖွဲ့တို့ နားလည်မှုစာချွန်လွှာရေးထိုးကာ စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ(၁)သန်းခန့် သုံးစွဲဆောင်ရွက်နေပြီး Myanmar Private TVET Association နှင့် တိုင်းဒေသကြီးအဆင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ RSDA တို့က ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကာလမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ အသက်(၁၆)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များကို ဆံပင်နှင့်မျက်နှာ အလှပြုပြင်သင်တန်း ၊ အမျိုးသမီး အဝတ်အထည်ချုပ် သင်တန်း ၊ ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း စသည်တို့ကို သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~