တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံပွဲတော်တွင် ဆုကြေးငွေများ တိုးမြှင့်ပေးထား

တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံပွဲတော်တွင် ဆုကြေးငွေများ တိုးမြှင့်ပေးထား
နိုဝင်ဘာ 3, 2019
By 🌸
တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံပွဲတော်တွင် ဆုကြေးငွေများ တိုးမြှင့်ပေးထား
********

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်၌ ပြိုင်ပွဲဝင်မီးပုံးများအတွက် ဆုကြေးများကို ယခင်နှစ်ထက် တိုးမြှင့်ပေးထားသည်။

"ဆုကြေးတွေ တိုးထားတယ်။ ညမီးကြီးက မနှစ်က ပထမဆုကို သိန်း (၇၀) ကနေ ဒီနှစ် (၇၅) သိန်းအထိ တိုးတယ်။ စိန်နားပန်က မနှစ်က ပထမဆု သိန်း (၃၀) ကနေ (၃၅) သိန်းအထိ တိုးတယ်။ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုတွေလည်း တိုးတယ်။ နှစ်သိမ့်ဆုလည်း တိုးတယ်။ ပြိုင်ပွဲဝင်ဆုလည်း တိုးတယ်။ ပြိုင်ပွဲဝင်ဆုက ညမီးကြီးကို မနှစ်က (၁၀) သိန်းခွဲကနေ ဒီနှစ် (၁၁) သိန်းတိုးတာပေါ့။ စိန်နားပန်က ပြိုင်ပွဲဝင်ဆုက မနှစ်က (၁) သိန်းကနေ ဒီနှစ် (၁) သိန်း (၃) သောင်းတိုးပေးထားတယ်။ ဆုချီးမြှင့်ရေးကော်မတီ အသုံးစရိတ်က သိန်း (၉၀၀) ကျော်ရှိတယ်။ မနှစ်က သိန်း (၈၀၀) စွန်းစွန်းလေးပဲရှိတာ"ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့တွင် ပြောသည်။

တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ ညနေ (၅)နာရီ၌ စတင်ဖွင့်လှစ်ပြီး နိုဝင်ဘာလ (၁၂) ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း ညမီးကြီး (၇၉) လုံးနှင့် စိန်နားပန် (၃၆) လုံးလွှတ်တင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်မီးပုံးပျံများတွင် ယမ်းအချိန်အတွယ် မှန်ကန်စေရေးအတွက် ဒီဂျစ်တယ်ကတ္တားများဖြင့် စနစ်တကျချိန်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကာလ လုံခြုံရေးအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ လိုအပ်သည့် တပ်ဖွဲ့ဝင်အင်အားများကို နိုဝင်ဘာ (၁) ရက်နေ့မှစ၍ တောင်ကြီးမြို့တွင် ရောက်ရှိနေပြီး လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။

ပွဲတော်လုံခြုံရေး အပြင်စည်းကို တပ်မတော်က တာဝန်ယူမည်ဖြစ်ပြီး အတွင်းစည်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကာလအတွက် ဈေးဆိုင်ခန်းများ၊ ယာဉ်ရပ်နားစခန်းနှင့် ဆက်သွယ်ရေး ကုမ္ပဏီများမှ အခွန်ငွေ ကျပ်သိန်း (၄၆၀၀) ကျော်ရရှိထားပြီး အသုံးစရိတ်အနေဖြင့် လုပ်ငန်းကော်မတီ (၁၂) ခုမှ ပြန်လည်သုံးစွဲမည့်ပမာဏမှာ ကျပ်သိန်းပေါင်း (၃၈၀၀) ကျော်ခန့် ရှိသည်ဟု သိရသည်။

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီက ခင်းကျင်းနေသည့် မီးပုံပျံကွင်းအဝင်လမ်းအတွက် ကျပ်သိန်းပေါင်း (၅၂၀) ကျော်ကို မီပုံးပျံပွဲကျင်းပရေးကော်မတီက ဘတ်ဂျက်ချထားပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေတာင္ႀကီး တန္ေဆာင္တိုင္မီးပံုပ်ံပြဲေတာ္တြင္ ဆုေၾကးေငြမ်ား တိုးျမႇင့္ေပးထား
********

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္းက်င္းပမည့္ တန္ေဆာင္တိုင္ပြဲေတာ္၌ ၿပိဳင္ပြဲဝင္မီးပံုးမ်ားအတြက္ ဆုေၾကးမ်ားကို ယခင္ႏွစ္ထက္ တိုးျမႇင့္ေပးထားသည္။

"ဆုေၾကးေတြ တိုးထားတယ္။ ညမီးႀကီးက မႏွစ္က ပထမဆုကို သိန္း (၇၀) ကေန ဒီႏွစ္ (၇၅) သိန္းအထိ တိုးတယ္။ စိန္နားပန္က မႏွစ္က ပထမဆု သိန္း (၃၀) ကေန (၃၅) သိန္းအထိ တိုးတယ္။ ဒုတိယ၊ တတိယ၊ စတုတၳ၊ ပဥၥမဆုေတြလည္း တိုးတယ္။ ႏွစ္သိမ့္ဆုလည္း တိုးတယ္။ ၿပိုင္ပြဲဝင္ဆုလည္း တိုးတယ္။ ၿပိဳင္ပြဲဝင္ဆုက ညမီးႀကီးကို မႏွစ္က (၁၀) သိန္းခြဲကေန ဒီႏွစ္ (၁၁) သိန္းတိုးတာေပါ့။ စိန္နားပန္က ၿပိဳင္ပြဲ၀င္ဆုက မႏွစ္က (၁) သိန္းကေန ဒီႏွစ္ (၁) သိန္း (၃) ေသာင္းတိုးေပးထားတယ္။ ဆုခ်ီးျမႇင့္ေရးေကာ္မတီ အသံုးစရိတ္က သိန္း (၉၀၀) ေက်ာ္ရိွတယ္။ မႏွစ္က သိန္း (၈၀၀) စြန္းစြန္းေလးပဲရိွတာ"ဟု ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၃)ရက္ေန႔တြင္ ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၄) ရက္ေန႔ ညေန (၅)နာရီ၌ စတင္ဖြင့္လွစ္ၿပီး ႏိုဝင္ဘာလ (၁၂) ရက္ေန႔အထိ က်င္းပမည့္ တန္ေဆာင္တုိင္ မီးပံုးပ်ံပြဲေတာ္ကာလအတြင္း ညမီးႀကီး (၇၉) လံုးႏွင့္ စိန္နားပန္ (၃၆) လံုးလႊတ္တင္မည္ျဖစ္ၿပီး ၿပိဳင္ပြဲ၀င္မီးပံုးပ်ံမ်ားတြင္ ယမ္းအခ်ိန္အတြယ္ မွန္ကန္ေစေရးအတြက္ ဒီဂ်စ္တယ္ကတၱားမ်ားျဖင့္ စနစ္တက်ခ်ိန္တြယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ကာလ လံုၿခံဳေရးအတြက္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ လိုအပ္သည့္ တပ္ဖြဲ႕ဝင္အင္အားမ်ားကို ႏိုဝင္ဘာ (၁) ရက္ေန႔မွစ၍ ေတာင္ႀကီးၿမိဳ႕တြင္ ေရာက္ရိွေနၿပီး လိုအပ္သည့္ ေလ့က်င့္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္သည္။

ပြဲေတာ္လံုၿခံဳေရး အျပင္စည္းကို တပ္မေတာ္က တာဝန္ယူမည္ျဖစ္ၿပီး အတြင္းစည္းကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ ၾကက္ေျခနီတပ္ဖြဲ႕မ်ားက ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္သည္။

ေတာင္ႀကီးတန္ေဆာင္တိုင္ ပြဲေတာ္ကာလအတြက္ ေစ်းဆိုင္ခန္းမ်ား၊ ယာဥ္ရပ္နားစခန္းနွင့္ ဆက္သြယ္ေရး ကုမၸဏီမ်ားမွ အခြန္ေငြ က်ပ္သိန္း (၄၆၀၀) ေက်ာ္ရရိွထားၿပီး အသံုးစရိတ္အေနျဖင့္ လုပ္ငန္းေကာ္မတီ (၁၂) ခုမွ ျပန္လည္သံုးစဲြမည့္ပမာဏမွာ က်ပ္သိန္းေပါင္း (၃၈၀၀) ေက်ာ္ခန္႔ ရိွသည္ဟု သိရသည္။

ေတာင္ႀကီးၿမို႕နယ္စည္ပင္သာယာေရးေကာ္မတီက ခင္းက်င္းေနသည့္ မီးပံုပ်ံကြင္းအဝင္လမ္းအတြက္ က်ပ္သိန္းေပါင္း (၅၂၀) ေက်ာ္ကို မီပံုးပ်ံပြဲက်င္းပေရးေကာ္မတီက ဘတ္ဂ်က္ခ်ထားေပးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ႐ွမ္းျပည္နယ္႐ိုးရာမီးပံုးပ်ံပညာ႐ွင္မ်ားအသင္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net