၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ်၏ ထက်ဝက်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်မည်

၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ်၏ ထက်ဝက်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်မည်
သြဂုတ် 8, 2020
By Tachileik News Agency

၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ်၏ ထက်ဝက်ခန့်ကို  နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်မည်

ရှမ်းပြည်နယ်အတွင်း  (၅၀)ရာခိုင်နှုန်းအထိ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရန် ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့၌ ကျိုင်းတုံမြို့ခရီးစဉ်တွင် ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် နမ့်စန် - မိုင်းပျဉ်း - ကျိုင်းတုံ မဟာ ဓာတ်အားလိုင်း၊ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံများဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားသို့ တက်ရောက်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် ၂၀၁၆ ခုနှစ်က နိုင်ငံတော်ဓာတ်အားပေးစနစ်မှ  လျှပ်စစ်ဓာတ်အား (၁၆၅) မဂ္ဂါဝပ်သာ သုံးစွဲနိုင်ခဲ့ရာမှ  ၂၀၂၀ ပြည့်နှစ်တွင် (၂၅၆) မဂ္ဂါဝပ်ခန့်အထိ သုံးစွဲလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်၊ မတ်လတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို (၂၅.၄ ) ရာခိုင်နှုန်းကိုသာ သုံးစွဲနိုင်ရာမှ  ၂၀၂၀ ခုနှစ်တွင် (၄၅.၆ ) ရာခိုင်နှုန်းအထိ ရရှိလာကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီ မဟာ ဓာတ်အားလိုင်း၊ မိုင်းပျဉ်းနှင့် ကျိုင်းတုံပင်မဓာတ်အားခွဲ ရုံကြီးများ အသစ်တည်ဆောက်ခြင်း၊ နမ့်စန်မြို့တွင် မူလရှိပြီးသား ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံကို ၂၃၀ ကေဗွီအဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရ စတင်တာဝန်ယူစဉ်က တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲသူ (၃၄ ) ရာခိုင်နှုန်းအထိသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ လက်ရှိတွင် တစ်နိုင်ငံလုံး လျှပ်စစ် သုံးစွဲသူ (၅၄) ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားကြောင်း သိရသည်။

 ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ (၄) နှစ်ကျော် ကာလအတွင်း စုစုပေါင်း (၂၀၀၅) မဂ္ဂါဝပ်ကို တိုးတက် ထုတ်လုပ်ပေးနိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတ၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

Tachileik News Agency
ဓါတ်ပုံ - နိုင်ငံတော်သမ္မတရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~