စင်္ကာပူရှိ အထင်ကရ Merlion ရုပ်တုကို ဖယ်ရှားတော့မည်ဖြစ်သော်လည်း မာရီနာကမ်းခြေနှင့် အခြားနေရာများရှိ Merlion ရုပ်တု (၆) ခု ကျန်ရှိမည်

စင်္ကာပူရှိ အထင်ကရ Merlion ရုပ်တုကို ဖယ်ရှားတော့မည်ဖြစ်သော်လည်း မာရီနာကမ်းခြေနှင့် အခြားနေရာများရှိ Merlion ရုပ်တု (၆) ခု ကျန်ရှိမည်
အောက်တိုဘာ 20, 2019
By 🌸
စင်္ကာပူရှိ အထင်ကရ Merlion ရုပ်တုကို ဖယ်ရှားတော့မည်ဖြစ်သော်လည်း မာရီနာကမ်းခြေနှင့် အခြားနေရာများရှိ Merlion ရုပ်တု (၆) ခု ကျန်ရှိမည်

စင်္ကာပူနိုင်ငံ၏ အထိမ်းအမှတ်ဖြစ်သည့် Merlion များအနက် အမြင့်ဆုံးဖြစ်သည့် စင်တိုဆာကျွန်းမှ Merlion ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့ နောက်ပိုင်းတွင် ဖယ်ရှားတော့မည်ဖြစ်သော်လည်း မာရီနာကမ်းခြေမှ ရုပ်တုအပါအဝင် စုစုပေါင်း Merlion ရုပ်တုငယ် (၆)ခု ကျန်ခဲ့မည်ဖြစ်သည်။

စင်တိုဆာကျွန်းရှိ ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့သော အမြင့် (၃၇) မီတာရှိသည့် Merlion ရုပ်တုကို စင်တိုဆာကျွန်း တောင်နှင့်မြောက်ကမ်းခြေကို ဆက်သွယ်မည့် အမေရိကန်ဒေါ်လာ (၆၅.၃) မီလျံတန်ဖိုးရှိ စီမံကိန်းကြောင့် ဖယ်ရှားမည်ဖြစ်ရာ စင်္ကာပူတွင် ကမ္ဘာလှည့်ခရီးသွားအများအပြား အမှတ်တရ ဓါတ်ပုံရိုက်လေ့ရှိသည့် Merlion ရုပ်တု (၂)ခုအနက် မာရီနာကမ်းခြေမှ အမြင့် (၈.၆) မီတာရှိသည့် Merlion တစ်ခုသာ ကျန်တော့မည်ဖြစ်သည်။

Merlion ရုပ်တုများအနက် မာရီနာကမ်းခြေရှိ စင်္ကာပူ၏ ပထမဆုံး Merlion ရုပ်တုကို ၁၉၇၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အနီးတွင် အမြင့် (၂)မီတာရှိသည့် Merlion ရုပ်တုတစ်ခုလည်းရှိကာ Merlion Park ဟု လူသိများခြင်းဖြစ်သည်။

မာရီနာကမ်းခြေရှိ Merlion ရုပ်တုနှစ်ခုမှာလည်း စတင်တည်ဆောက်စဉ်က မြစ်ဝတွင်ရှိခဲ့ရာမှ တံတားတည်ဆောက်လိုက်ပြီးနောက် မြင်ကွင်းကွယ်သွားသဖြင့် လက်ရှိနေရာဖြစ်သည့် ဖူလာတန်ဟိုတယ်ရှေ့သို့ ၂၀၀၂ ခုနှစ်တွင် ရွှေ့ပြောင်းထားခဲ့ခြင်းဖြစ်သည်။

စင်္ကာပူ၏ အမှတ်တံဆိပ်အဖြစ် လူသိများနေသည့် ခြင်္သေ့ခေါင်းနှင့် ငါးခန္ဓာကိုယ်ဆက်ထားသည့် Merlion ပုံစံကို ၁၉၆၄ ခုနှစ်တွင် ဗြိတိန်သတ္တဗေဒပညာရှင် အဲလစ်ဖရေဆာဘရူနာက စင်္ကာပူခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့အတွက် ရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ရုပ်တုအောက်ပိုင်းရှိ ငါးခန္ဓာကိုယ်မှာ တံငါရွာလေးအဖြစ် အစပြုခဲ့သည့် စင်္ကာပူကို ကိုယ်စားပြုကာ ခြင်္သေ့ခေါင်းမှာ စင်္ကာပူကျွန်းကို ခြင်္သေ့မြို့တော်ဟု အမည်ပေးခဲ့ခြင်းကို ကိုယ်စားပြုခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency
Ref: TimeOut

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
စကၤာပူရိွ အထင္ကရ Merlion ရုပ္တုကို ဖယ္ရွားေတာ့မည္ျဖစ္ေသာ္လည္း မာရီနာကမ္းေျခႏွင့္ အျခားေနရာမ်ားရိွ Merlion ရုပ္တု (၆) ခု က်န္ရိွမည္
***********
စကၤာပူနုိင္ငံ၏ အထိမ္းအမွတ္ျဖစ္သည့္ Merlion မ်ားအနက္ အျမင့္ဆံုးျဖစ္သည့္ စင္တိုဆာကၽြန္းမွ Merlion ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလ (၂၀) ရက္ေန႔ ေနာက္ပိုင္းတြင္ ဖယ္ရွားေတာ့မည္ျဖစ္ေသာ္လည္း မာရီနာကမ္းေျခမွ ရုပ္တုအပါအဝင္ စုစုေပါင္း Merlion ရုပ္တုငယ္ (၆)ခု က်န္ခဲ့မည္ျဖစ္သည္။

စင္တိုဆာကၽြန္းရိွ ၁၉၉၅ ခုႏွစ္က တည္ေဆာက္ခဲ့ေသာ အျမင့္ (၃၇) မီတာရိွသည့္ Merlion ရုပ္တုကို စင္တိုဆာကၽြန္း ေတာင္ႏွင့္ေျမာက္ကမ္းေျခကို ဆက္သြယ္မည့္ အေမရိကန္ေဒၚလာ (၆၅.၃) မီလ်ံတန္ဖိုးရိွ စီမံကိန္းေၾကာင့္ ဖယ္ရွားမည္ျဖစ္ရာ စကၤာပူတြင္ ကမၻာလွည့္ခရီးသြားအမ်ားအျပား အမွတ္တရ ဓါတ္ပံုရိုက္ေလ့ရိွသည့္ Merlion ရုပ္တု (၂)ခုအနက္ မာရီနာကမ္းေျခမွ အျမင့္ (၈.၆) မီတာရိွသည့္ Merlion တစ္ခုသာ က်န္ေတာ့မည္ျဖစ္သည္။

Merlion ရုပ္တုမ်ားအနက္ မာရီနာကမ္းေျခရိွ စကၤာပူ၏ ပထမဆံုး Merlion ရုပ္တုကို ၁၉၇၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အနီးတြင္ အျမင့္ (၂)မီတာရိွသည့္ Merlion ရုပ္တုတစ္ခုလည္းရိွကာ Merlion Park ဟု လူသိမ်ားျခင္းျဖစ္သည္။

မာရီနာကမ္းေျခရိွ Merlion ရုပ္တုႏွစ္ခုမွာလည္း စတင္တည္ေဆာက္စဥ္က ျမစ္ဝတြင္ရိွခဲ့ရာမွ တံတားတည္ေဆာက္လုိက္ၿပီးေနာက္ ျမင္ကြင္းကြယ္သြားသျဖင့္ လက္ရိွေနရာျဖစ္သည့္ ဖူလာတန္ဟိုတယ္ေရွ႕သို႔ ၂၀၀၂ ခုႏွစ္တြင္ ေရႊ႕ေျပာင္းထားခဲ့ျခင္းျဖစ္သည္။

စကၤာပူ၏ အမွတ္တံဆိပ္အျဖစ္ လူသိမ်ားေနသည့္ ျခေသၤ့ေခါင္းနွင့္ ငါးခႏၶာကိုယ္ဆက္ထားသည့္ Merlion ပံုစံကို ၁၉၆၄ ခုႏွစ္တြင္ ၿဗိတိန္သတၱေဗဒပညာရွင္ အဲလစ္ဖေရဆာဘရူနာက စကၤာပူခရီးသြားလုပ္ငန္းျမႇင့္တင္ေရးအဖြဲ႕အတြက္ ေရးဆြဲေပးခဲ့ျခင္းျဖစ္ၿပီး ရုပ္တုေအာက္ပိုင္းရိွ ငါးခႏၶာကိုယ္မွာ တံငါရြာေလးအျဖစ္ အစျပဳခဲ့သည့္ စကၤာပူကို ကိုယ္စားျပဳကာ ျခေသၤ့ေခါင္းမွာ စကၤာပူကၽြန္းကို ျခေသၤ့ၿမိဳ႕ေတာ္ဟု အမည္ေပးခဲ့ျခင္းကို ကိုယ္စားျပဳျခင္းျဖစ္သည္ဟု သိရသည္။

Tachileik News Agency
Ref: TimeOut

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net