တာချီလိတ်တွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ နှစ်ရက်တာ ကွင်းဆင်းဆောင်ရွက်ပေးမည်

တာချီလိတ်တွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ နှစ်ရက်တာ ကွင်းဆင်းဆောင်ရွက်ပေးမည်
အောက်တိုဘာ 22, 2019
By 🌸
တာချီလိတ်တွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ နှစ်ရက်တာ ကွင်းဆင်းဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နှင့် (၂၄) ရက်နေ့များတွင် ရှမ်းရိုးမကွင်းအတွင်း နံနက် (၉)နာရီ နေ့လယ် (၂)နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါနှစ်ရက်တာအတွင်း ယာဉ်မောင်းလိုင်စင် လာရောက်လုပ်ဆောင်သူများကို အောက်တိုဘာလ (၃၀)ရက်နေ့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပြီး လိုင်စင်များထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချသတ်မှတ်ပေးထားသဖြင့် ပုံမှန်အတိုင်းယာဉ်မောင်းလိုင်စင်ပြုလုပ်သည်ထက် ငွေကျပ် (၄၀၀၀) လျော့နည်းမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့်အတူ လာရောက်လုပ်ဆောင်နိုင်ပြီး အသက် (၁၈)နှစ်အောက်အတွက် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက်တွက်  ကျပ်နှစ်သောင်းခွဲ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

"ရှမ်းရိုးမကွင်းထဲဆောင်ရွက်ပေးတာက ယာဉ်မောင်းလိုင်စင်အသစ်တွေပဲ။ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဖို့က အာမခံဆောင်ပြီးတော့ မှတ်ပုံတင်မိတ္တူရယ်၊ ဓာတ်ပုံရယ်၊ လိုင်စင်ကတ်အဟောင်းရယ် ရုံးလာလုပ်လို့ရပါတယ်"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ  စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည် စီမံချက်ဖြင့် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့င့် မြန်မာ့အာမခံလုပ်ငန်းတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္တြင္ ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္မ်ား ႏွစ္ရက္တာ ကြင္းဆင္းေဆာင္ရြက္ေပးမည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္ေမာင္းလုိင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၃)ရက္ႏွင့္ (၂၄) ရက္ေန႔မ်ားတြင္ ရွမ္းရိုးမကြင္းအတြင္း နံနက္ (၉)နာရီ ေန႔လယ္ (၂)နာရီအထိ ေဆာင္ရြက္ေပးသြားမည္ျဖစ္သည္။

အဆိုပါႏွစ္ရက္တာအတြင္း ယာဥ္ေမာင္းလုိင္စင္ လာေရာက္လုပ္ေဆာင္သူမ်ားကို ေအာက္တိုဘာလ (၃၀) ရက္ေန႔၌ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေဟာေျပာၿပီး လိုင္စင္မ်ားထုတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ စစ္ေဆးခ (၃) ႀကိမ္အစား (၁) ႀကိမ္သို႔ ေလွ်ာ့ခ်သတ္မွတ္ေပးထားသျဖင့္ ပံုမွန္အတုိင္းယာဥ္ေမာင္းလိုင္စင္ျပဳလုပ္သည္ထက္ ေငြက်ပ္ (၄၀၀၀) ေလ်ာ့နည္းမည္ျဖစ္ေၾကာင္း သိရသည္။

ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္အသစ္ ျပဳလုပ္လိုသူမ်ားအေနျဖင့္ မွတ္ပံုတင္မိတၱဴ၊ လိုင္စင္ဓါတ္ပံု (၃)ပံုႏွင့္အတူ လာေရာက္လုပ္ေဆာင္ႏုိင္ၿပီး အသက္ (၁၈)ႏွစ္ေအာက္အတြက္ က်ပ္တစ္ေသာင္းခြဲ၊ အသက္ (၁၈)ႏွစ္အထက္တြက္  က်ပ္ႏွစ္ေသာင္းခြဲ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

"ရွမ္းရိုးမကြင္းထဲေဆာင္ရြက္ေပးတာက ယာဥ္ေမာင္းလိုင္စင္အသစ္ေတြပဲ။ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးဖို႔က အာမခံေဆာင္ၿပီးေတာ့ မွတ္ပံုတင္မိတၱဴရယ္၊ ဓာတ္ပံုရယ္၊ လိုင္စင္ကတ္အေဟာင္းရယ္ ရံုးလာလုပ္လို႔ရပါတယ္"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ  စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၂၀ ခုႏွစ္တြင္ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမည္ စီမံခ်က္ျဖင့္ ဆိုင္ကယ္ေမာင္းလုိင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ယာဥ္ထိန္းတပ္ဖြဲ႕င့္ ျမန္မာ့အာမခံလုပ္ငန္းတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုိးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net