ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးရမိသည့္ တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာလုပ္သား (၁၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးရမိသည့္ တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာလုပ္သား (၁၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇူလိုင် 23, 2019
By Tachileik News Agency
ထိုင္းႏုိင္ငံအတြင္း တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား ဖမ္းဆီးအေရးယူၿပီးေနာက္ ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၂၃)ရက္ေန႔တြင္ (၁၃)ဦး လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသည့္ အမ်ိဳးသား (၉)ဦးႏွင့္ အမ်ိဳးသမီး (၄)ဦးတြင္ တရားမဝင္ သြားေရာက္သူ (၂)ဦး၊ ခြင့္ျပဳနယ္ေျမထက္ေက်ာ္လြန္သြားေရာက္သူ (၂)ဦးႏွင့္ ခြင့္ျပဳရက္ေက်ာ္လြန္ေနထုိင္သူ (၉)ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသူမ်ားတြင္ မႏၱေလးတုိင္းေဒသႀကီးမွ (၁)ဦး ပါဝင္ၿပီး က်န္ (၁၂)ဦးမွာ ရွမ္းျပည္နယ္အတြင္းမွ ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဖမ်းဆီးအရေးယူပြီးနောက် မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့သို့ ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့တွင် (၁၃)ဦး လွှဲပြောင်းပေးလာကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၄)ဦးတွင် တရားမဝင် သွားရောက်သူ (၂)ဦး၊ ခွင့်ပြုနယ်မြေထက်ကျော်လွန်သွားရောက်သူ (၂)ဦးနှင့် ခွင့်ပြုရက်ကျော်လွန်နေထိုင်သူ (၉)ဦးတို့ ပါဝင်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာသူများတွင် မန္တလေးတိုင်းဒေသကြီးမှ (၁)ဦး ပါဝင်ပြီး ကျန် (၁၂)ဦးမှာ ရှမ်းပြည်နယ်အတွင်းမှ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net