လူပေါင်း(၅၀)ဦးကို ရက်ပေါင်း (၄၀)အကြာ မူးယစ်ဆေးဖြတ်ပေးနေ

လူပေါင်း(၅၀)ဦးကို ရက်ပေါင်း (၄၀)အကြာ မူးယစ်ဆေးဖြတ်ပေးနေ
ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency
လူပေါင်း(၅၀)ဦးကို ရက်ပေါင်း (၄၀)အကြာ မူးယစ်ဆေးဖြတ်ပေးနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းထဲက မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မိုင်းကိုးဆေးဖြတ်စခန်းမှာ ရက်ပေါင်း(၄၀)ကြာမြင့်မဲ့ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးသင်တန်းကို ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဖွင့်လှစ်ထားပြီး အခုလိုပဲ သင်တန်းတွေကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားဖို့ စီစဉ်နေကြောင်း တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်းရဲ့ မန်နေဂျာဖြစ်သူ ဦးနိုင်စိုးမြင့်က ပြောပါတယ်။

နှစ်စဉ် သင်တန်းသား (၅၀) ဦးအတွက် သင်တန်းတွေဖွင့်လှစ်ပေးနေတဲ့အတွက်ကြောင့် ကျေးဇူးတင်ကြောင်း မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလောက ပြောပါတယ်။

မိုင်းကိုးဆေးဖြတ်စခန်းမှာ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဖွင့်လှစ်တဲ့ သင်တန်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ကနေ မတ်လ (၂၀) ရက်နေ့အထိ ရက်ပေါင်း (၄၀)အကြာ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~