တပ်ဖွဲ့ဝင်၏ (၅)နှစ်အရွယ်သမီးကို မဖွယ်မရာပြုလုပ်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ၏ ဒုတပ်ဖွဲ့စုမှူးကို အမှုဖွင့်ထိန်းသိမ်းထား

တပ်ဖွဲ့ဝင်၏ (၅)နှစ်အရွယ်သမီးကို မဖွယ်မရာပြုလုပ်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ၏ ဒုတပ်ဖွဲ့စုမှူးကို အမှုဖွင့်ထိန်းသိမ်းထား
အောက်တိုဘာ 18, 2019
By 🌸
တပ်ဖွဲ့ဝင်၏ (၅)နှစ်အရွယ်သမီးကို မဖွယ်မရာပြုလုပ်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ၏ ဒုတပ်ဖွဲ့စုမှူးကို အမှုဖွင့်ထိန်းသိမ်းထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်တစ်ဦး၏ အသက် (၅)နှစ်အရွယ် သမီးငယ်ကို မဖွယ်မရာပြုလုပ်မှုဖြင့် စုံခုံဖွဲ့၍ စစ်ဆေးခံနေရသည့် ဒုတပ်ဖွဲ့စုမှူးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်း၌ အမှုဖွင့် ထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

“မနေ့ကပဲ မြို့မရဲစခန်းမှာ အမှုလာဖွင့်သွားပြီ။ ပုဒ်မ ၃၇၇ နဲ့ ဖွင့်ထားတာပါ”ဟု ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တပ်ဖွဲ့ဝင်၏ သမီးဖြစ်သူကို မဖွယ်မရာပြုလုပ်ကြောင်း တိုင်ကြားမှုကြောင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတပ်ဖွဲ့စုမှူး မျိုးညွန့်လွင်ကို တပ်ဖွဲ့တွင်း စုံခုံဖွဲ့၍ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်း၌ (ပ)၁၂၅၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၆၃ ဖြင့် အမှုဖွင့်လှစ် ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အသက်(၅)နှစ်အရွယ် မိန်းကလေးငယ်၏ မိန်းမကိုယ်မှာ ယောင်နေသဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ သွားရောက်ပြသရာမှ ရာဇဝတ်မှုခင်းဖြစ်ပွားနိုင်ကြောင်း သံသယဖြစ်ဖွယ်တွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါကိစ္စအား စုံစမ်းတွေ့ရှိချက်အရ မိန်းကလေးငယ်အား မဖွယ်မရာပြုလုပ်သည်ဟု ယူဆရသူမှာ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးညွန့်လွင်ဖြစ်သည်ဟု သံသယရှိရသဖြင့် ရဲတပ်ဖွဲ့တွင်း စုံခုံဖွဲ့၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တပ္ဖြဲ႕ဝင္၏ (၅)ႏွစ္အရြယ္သမီးကို မဖြယ္မရာျပဳလုပ္မႈျဖင့္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံု၏ ဒုတပ္ဖြဲ႕စုမွဴးကို အမႈဖြင့္ထိန္းသိမ္းထား

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္တစ္ဦး၏ အသက္ (၅)ႏွစ္အရြယ္ သမီးငယ္ကို မဖြယ္မရာျပဳလုပ္မႈျဖင့္ စံုခံုဖြဲ႕၍ စစ္ေဆးခံေနရသည့္ ဒုတပ္ဖြဲ႕စုမွဴးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၇)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ ထိန္းသိမ္းလုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

“မေန႔ကပဲ ၿမိဳ႕မရဲစခန္းမွာ အမႈလာဖြင့္သြားၿပီ။ ပုဒ္မ ၃၇၇ နဲ႔ ဖြင့္ထားတာပါ”ဟု ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕ (က်ိဳင္းတုံ) ရဲမႉးႀကီး မင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တပ္ဖြဲ႕ဝင္၏ သမီးျဖစ္သူကို မဖြယ္မရာျပဳလုပ္ေၾကာင္း တုိင္ၾကားမႈေၾကာင့္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ ဒုတပ္ဖြဲ႕စုမွဴး မ်ိဳးညြန္႔လြင္ကို တပ္ဖြဲ႕တြင္း စံုခံုဖြဲ႕၍ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေအာက္တိုဘာလ (၁၇)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ (ပ)၁၂၅၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၇/၃၆၃ ျဖင့္ အမႈဖြင့္လွစ္ ထိန္းသိမ္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္(၅)ႏွစ္အရြယ္ မိန္းကေလးငယ္၏ မိန္းမကိုယ္မွာ ေယာင္ေနသျဖင့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၁)ရက္ေန႔တြင္ က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီး၌ သြားေရာက္ျပသရာမွ ရာဇဝတ္မႈခင္းျဖစ္ပြားႏုိင္ေၾကာင္း သံသယျဖစ္ဖြယ္ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အဆိုပါကိစၥအား စံုစမ္းေတြ႔ရိွခ်က္အရ မိန္းကေလးငယ္အား မဖြယ္မရာျပဳလုပ္သည္ဟု ယူဆရသူမွာ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ ဒုတပ္ဖြဲ႕စုမွဴး ဒုရဲမွဴး မ်ိဳးညြန္႔လြင္ျဖစ္သည္ဟု သံသယရိွရသျဖင့္ ရဲတပ္ဖြဲ႕တြင္း စံုခံုဖြဲ႕၍ စစ္ေဆးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net